Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရု​သ 1:20

Common Language Bible

နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ' ဟု​ခေါ်​ကြ​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ် ၏။ ငါ့​စ​ကား​ကို​နား​ထောင်​၍​မှန်​ရာ​ကို​အ​စဉ် ပြု​လုပ်​လော့။-

ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။

သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။

ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။

အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။

အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။

ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​တစ်​နေ့​လုံး ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​နံ​နက်​တိုင်း ဒဏ်​ခတ်​တော်​မူ​ပါ​ပြီ။

ကျွန်​တော်​မျိုး​သည်​ငယ်​စဉ်​က​တည်း​က​ဝေ​ဒ​နာ ခံ​ရ​လျက်​သေ​လု​နီး​ပါး​ဖြစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော အ​ပြစ်​ဒဏ်​ကြီး​လေး​မှု​ကြောင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​ပါ​၏။

ထို​နောက်​မာ​ရ​ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက် ရှိ​လာ​ကြ​ရာ ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ရေ​ခါး​ထွက်​သ​ဖြင့်​ထို အ​ရပ်​ကို​မာ​ရ​ဟု​ခေါ်​တွင်​လေ​၏။-

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​သည်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​အ​ဖြစ်​နှင့်​ထင်​ရှား​ခဲ့ သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​ဖြင့် သူ​တို့​သည်​ငါ့​ကို​မ​သိ​ကြ။-

ငါ​၏​အ​ရိုး​များ​ကို​ခြင်္သေ့​ဝါး​၍​နေ​ဘိ ကဲ့​သို့ ငါ​သည်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​တစ်​ညဥ့်​လုံး ငို​ကြွေး​ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​သက်​ကို ကုန်​ဆုံး​စေ​တော်​မူ​ပြီ​ဟု​ငါ​ထင်​မှတ် ပါ​၏။

ဒဏ်​ပေး​ခြင်း​ခံ​ရ​သည်​မှာ​ပျော်​ရွှင်​စ​ရာ မ​ဟုတ်။ ဝမ်း​နည်း​စ​ရာ​ဟူ​၍​ထင်​မှတ်​ရ သော်​လည်း​ယင်း​သို့​ဆုံး​မ​ခြင်း​ခံ​ရ​သူ​တို့ သည်​ကား​နောင်​အ​ခါ​၌​ဖြောင့်​မတ်​ခြင်း​တည်း ဟူ​သော​ငြိမ်​သက်​ခြင်း​အ​ကျိုး​ကို​ရ​ရှိ​ကြ လေ​သည်။

ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​မြို့​တော်​ထဲ​တွင်​ဗိ​မာန်​တော်​ကို​ငါ​မ​တွေ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​မြို့​၏​ဗိ​မာန်​တော်​သည် အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တို့​ဖြစ်​သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ