ရုသ 1:12Common Language Bibleအိမ်သို့ပြန်ကြလော့။ ငါသည်နောက်ထပ်အိမ် ထောင်ပြုရန်အရွယ်လွန်လေပြီ။ အကယ်၍ ငါ့မှာမျှော်လင့်စရာရှိသေးသဖြင့် ယခု ပင်အိမ်ထောင်ကျ၍သားများကိုရရှိသည် ဟုဆိုစေကာမူ၊- အခန်းကိုကြည့်ပါ။ |
ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
သင်တို့သည်ထိုသားများကြီးပြင်းလာသည် တိုင်အောင် စောင့်ဆိုင်းနေကြပါမည်လော။ ယင်း သို့စောင့်ဆိုင်းကာနောက်အိမ်ထောင်မပြုဘဲနေ ကြပါမည်လော။ ငါ့သမီးတို့ဤသို့မဖြစ်နိုင် ကြောင်းကိုသင်တို့သိပါ၏။ ထာဝရဘုရား သည်ငါ့ကိုဒဏ်ခတ်တော်မူပြီဖြစ်၍ ငါသည် သင်တို့အတွက်အလွန်ဝမ်းနည်းပါ၏'' ဟု ဆို၏။