ယေရမိ 9:19Common Language Bible``ငါတို့သည်ဆုံးပါးပျက်စီးလျက်၊လုံးဝ အသရေပျက် ရကြလေပြီတကား။ ငါတို့၏အိမ်ရာများသည်ပြိုပျက်သွားပြီဖြစ်၍ ငါတို့သည်မိမိတို့ပြည်ကိုစွန့်ခွာရကြပေတော့မည်'' ဟူ၍ဇိအုန်မြို့သားတို့ငိုကြွေးမြည်တမ်းသံကို နားထောင်ကြလော့ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။