ယေရမိ 8:16Common Language Bibleရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။
ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-