ယေရမိ 7:7Common Language Bibleဤသို့ပြုပြင်ပြောင်းလဲပါမူငါသည်သင် တို့ဘိုးဘေးများအား အပိုင်ပေးအပ်ခဲ့ သည့်ပြည်တော်တွင်သင်တို့ကိုဆက်လက် ၍ထာဝရနေထိုင်ခွင့်ပြုတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။