ယေရမိ 7:5Common Language Bible``သင်တို့နေထိုင်မှုတို့ကိုပြုပြင်ပြောင်းလဲ စေကြလော့။ ယခုပြုသောအကျင့်တို့ကို မပြုတော့နှင့်။ သင်တို့အချင်းချင်းဆက်ဆံ ရာတွင်တရားမျှတမှုရှိစေကြလော့။- အခန်းကိုကြည့်ပါ။ |
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။