ယေရမိ 7:32Common Language Bibleသို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
သူတို့အားအနန္တတန်ခိုးရှင်ထာဝရ ဘုရားက``ဤအိုးကိုပြန်၍ဆက်စပ်မရ နိုင်အောင်ခွဲလိုက်သကဲ့သို့ ငါသည်ဤလူ များနှင့်ဤမြို့ကိုငါခွဲတော်မူမည်။ တော ဖက်မြို့တွင်မြေမြှုပ်စရာနေရာမရှိသည့် တိုင်အောင်လူတို့သည်ထိုသူတို့၏အလောင်း များကိုသင်္ဂြိုဟ်ရကြလိမ့်မည်။-
``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။