Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 7:21

Common Language Bible

ဤ​သို့​လျှင်​အ​နန္တ​တန်​ခိုး​ရှင်​ဣ​သ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည်​မိ​မိ​တို့​စား​ခွင့်​ရှိ​သည့်​ယဇ်​များ​ရှိ သ​လို​ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​၍ တစ်​ကောင် လုံး​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ်​များ​လည်း​ရှိ သည်။ ထို​ယဇ်​နှစ်​မျိုး​စ​လုံး​ကို​ပင်​စား ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။

သင်​တို့​သည်​မိ​မိ​တို့​မီး​ရှို့​ပူ​ဇော်​ရာ​သိုး​များ​ကို ငါ့​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ကြ။ သင်​တို့​၏​ယဇ်​များ​ဖြင့်​ဂုဏ်​ပြု​ချီး​မြှောက်​ခြင်း ခံ​ရ​သူ​မှာ​လည်း​ငါ​မ​ဟုတ်။ ငါ​သည်​ပူ​ဇော်​သကာ​များ​ကို​တောင်း​ဆို​ခြင်း အား​ဖြင့် သင်​တို့​အား​ဝန်​မ​လေး​စေ​ပါ။ မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​လည်း​သင်​တို့​စိတ်​ကို မ​ငြီး​ငွေ့​စေ​ပါ။

အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။

ရှေ​ဘ​ပြည်​မှ​သူ​တို့​ယူ​ဆောင်​လာ​သော​လော်​ဗန် ကို​သော်​လည်း​ကောင်း၊ ဝေး​လံ​ရပ်​ခြား​မှ​ယူ​ဆောင် လာ​သည့်​နံ့​သာ​ပေါင်း​ကို​သော်​လည်း​ကောင်း​ငါ အ​လို​မ​ရှိ။ သူ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​ငါ လက်​မ​ခံ၊ သူ​တို့​ယဇ်​ပူ​ဇော်​ခြင်း​များ​ကို​ငါ မ​နှစ်​သက်'' ဟု​မိန့်​တော်​မူ​၏။-

``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။-

သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။

ထို​ဝတ်​ပြု​ရာ​ဌာ​န​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏ ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ မည်။ ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​၏​သွေး​ကို သွန်း​၍​အ​သား​ကို​စား​ရ​သော​ယဇ်​ကို လည်း​ပူ​ဇော်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ