Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 6:6

Common Language Bible

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ ဘု​ရင်​တို့​အား​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​နိုင်​ရန်​သစ်​ပင်​များ​ကို​ခုတ်​လှဲ​၍ မြေ က​တုတ်​များ​ကို​ဖို့​စေ​ခြင်း​ငှာ​အ​မိန့်​ပေး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​က``ဤ​မြို့​သည် ညှင်း​ပန်း​နှိပ်​စက်​မှု​နှင့်​ပြည့်​နှက်​လျက်​ရှိ သ​ဖြင့်​ငါ​သည်​ဤ​မြို့​ကို​ဒဏ်​ခတ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့​တည်း။ ကိုယ် တော်​က``ထို​သူ​သည်​ဤ​မြို့​ကို​ဝင်​ရ​လိမ့်​မည် မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ်​လက်​မျှ​ပင် ပစ်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​စစ်​သူ​ရဲ​မျှ ဒိုင်း​လွှား​ကို​ကိုင်​ဆောင်​၍​မြို့​အ​နီး​သို့​ချဉ်း ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ​ရန်​မြေ က​တုတ်​များ​ကို​လည်း​ဖို့​လုပ်​ရ​လိမ့်​မည် မ​ဟုတ်။-

ကျွန်​တော်​မျိုး​သည်​ဟော​ပြော​သည့်​အ​ခါ​တိုင်း အော်​ဟစ်​၍``အ​ကြမ်း​ဖက်​မှု၊ပျက်​စီး​မှု'' ဟူ​၍ ကြွေး​ကြော်​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို၊ပြန်​ကြား​သ​ဖြင့် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း၊ သ​ရော်​စော်​ကား​ပြု​ခြင်း​ကို​လည်း​ကောင်း အ​စဉ်​မ​ပြတ်​ခံ​ရ​ပါ​၏။

``သို့​ရာ​တွင်​သင်​မူ​ကား​တစ်​ကိုယ်​ကောင်း​စိတ်​နှင့် မိ​မိ​အ​ကျိုး​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​၍​မိ​မိ​၏ အ​မျိုး​သား တို့​အား​ပြင်း​ပြင်း​ထန်​ထန်​နှိပ်​စက်​ညှင်း​ပန်း​၏။''

``ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​ဤ​မြို့​ကို ဝိုင်း​ရံ​သိမ်း​ပိုက်​နိုင်​ရန် မြေ​က​တုတ်​များ ကို​မြို့​ပတ်​လည်​တွင်​ဖို့​လုပ်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​ပြီ။ စစ်​ဘေး​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် သူ​တို့​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​ပါ လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သ​မျှ​သော စ​ကား​များ​မှန်​လျက်​နေ​သည်​ကို​တွေ့ မြင်​တော်​မူ​နိုင်​ပါ​၏။-

ဤ​မြို့​ကို​တည်​ထောင်​သည့်​နေ့​မှ​အ​စ​ပြု​၍ မြို့​သူ​မြို့​သား​တို့​သည် ငါ​၏​အ​မျက်​တော် ကို​ပြင်း​ထန်​စွာ​လှုံ့​ဆော်​ခဲ့​ကြ​၏။-

ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် ၏​နန်း​တော်​သည် ဝိုင်း​ရံ​ပိတ်​ဆို့​တိုက်​ခိုက်​ခံ ရ​သ​ဖြင့်​ပြို​ပျက်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ လ​၌​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ ၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​နှင့်​လာ​ရောက်​၍ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

``သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​အ​တွက် သူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​မည်။ ဤ​လူ​မျိုး​အား​ငါ​လက်​စား​ချေ​မည်။-

ဤ​အ​မှု​အ​ရာ​များ​အ​တွက်​ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​သင့်​သ​လော။ ဤ​သို့​သော​ပြည်​သူ​တို့​ကို​လက်​စား​မ​ချေ​ဘဲ​နေ​သင့်​သ​လော။''

ထို​နောက်​ထို​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို သ​ရုပ်​ဆောင်​ရန် မြောင်း၊ မြေ​က​တုတ်​များ၊ စစ် စ​ခန်း​များ​နှင့်​ခံ​တပ်​ဖြို​သည့်​တုံး​မောင်း များ​ကို​မြို့​ပတ်​လည်​၌​နေ​ရာ​ချ​ထား​လော့။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​လော့။ ငါ​သည်​ထို​မြို့​ကို​နိုင်​ငံ အ​ပေါင်း​ခြံ​ရံ​စေ​ကာ​ကမ္ဘာ​၏​အ​လယ် ဗ​ဟို​တွင်​ထား​ရှိ​၏။-

သို့​ဖြစ်​၍​ဆီး​ရီး​ယား​ဘု​ရင်​သည် အီ​ဂျစ် ပြည်​ခံ​တပ်​မြို့​တစ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ လိမ့်​မည်။ အီ​ဂျစ်​စစ်​သည်​တပ်​သား​တို့​သည် ဆက်​လက်​တိုက်​ခိုက်​ကြ​တော့​မည်​မ​ဟုတ်။ သူ တို့​အ​ထဲ​မှ​လက်​ရွေး​စင်​တပ်​သား​များ​၌ ပင်​ခံ​ရပ်​နိုင်​သော​ခွန်​အား​မ​ရှိ​ပေ။-

မိ​မိ​၏​မြို့​သား​များ​ကို​ပင်​လျှင်​ညှင်း​ပန်း နှိပ်​စက်​ကာ​အ​ကျင့်​ပျက်​ပုန်​ကန်​တတ်​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​၏။-

ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ