Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 6:18

Common Language Bible

ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​မျိုး တ​ကာ​တို့၊ နား​ထောင်​ကြ​လော့။ အ​ချင်း​သက်​သေ အ​ပေါင်း​တို့၊ ငါ​၏​လူ​မျိုး​တော်​ကြုံ​တွေ့​ရ​မည့် ကံ​ကြမ္မာ​ကို​လေ့​လာ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ငါ​၏​မိတ်​ဆွေ​က``အ​ချင်း​ယေ​ရု ရှ​လင်​မြို့​သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့၊ ငါ နှင့်​ငါ့​စ​ပျစ်​ဥ​ယျာဉ်​၏​အ​မှု​ကို​စီ​ရင်​ဆုံး ဖြတ်​ကြ​လော့။-

``အို လူ​မျိုး​တ​ကာ​တို့၊ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ သည်​ကို​နား​ထောင်​၍ ငါ​၏​ဗျာ​ဒိတ်​တော်​တို့​ကို​ရပ်​ဝေး​ဒေ​သ များ​သို့ ကြွေး​ကြော်​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကွဲ​လွင့်​စေ​သူ ငါ​သည်​သူ​တို့​ကို​စု​သိမ်း​မည်။ သိုး​ထိန်း​သည်​မိ​မိ​၏​သိုး​စု​ကို​စောင့်​ထိန်း သ​ကဲ့​သို့ သူ​တို့​ကို​ငါ​စောင့်​ထိန်း​မည်။

ထို​အ​ခါ​ငါ​သည်``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ အား​လှည့်​ဖြား​တော်​မူ​ပါ​ပြီ။ ငြိမ်း​ချမ်း​မှု ရ​ရှိ​လိမ့်​မည်​ဟု​ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သူ​တို့​၏​လည်​မျို​တွင် ဋ္ဌား​တေ့​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။

သူ​တို့​သည်​ရပ်​ဝေး​ဒေ​သ​မှ​ရန်​သူ​များ​ချီ တက်​လာ​နေ​ကြောင်း​လူ​မျိုး​တ​ကာ​တို့​အား သတိ​ပေး​၍ ယေ​ရု​ရှ​လင်​မြို့​ကို​ကြား​ပြော ကြ​လေ​သည်။ ရန်​သူ​တို့​သည်​ယု​ဒ​မြို့​များ အား​ကြိမ်း​မောင်း​သံ​ပြု​ကြ​လိမ့်​မည်။-

တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။

ကမ္ဘာ​မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ လူ​တို့​သည်​ငါ့​စ​ကား​ကို​မ​နာ​ယူ၊ ငါ​၏​သြ ဝါ​ဒ​ကို​လည်း​ပစ်​ပယ်​ကြ​၏။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​ခံ​ယူ​ထိုက်​သည့်​ဘေး​အန္တ​ရာယ် ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​မည်။-

ငါ​၏​လူ​မျိုး​တော်​တို့၊ မော​ဘ​ပြည့်​ရှင်​ဗာ​လက် မင်း​က သင်​တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​မည် ကဲ့​သို့​ကြံ​စည်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဗော​ရ ၏​သား​ဗာ​လမ်​က​ဘု​ရင်​အား​မည်​ကဲ့​သို့​ပြန် ပြော​သည်​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့၊ အ​ကေး​ရှား​စ​ခန်း​မှ​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​သော​ခ​ရီး​လမ်း​တွင် တွေ့​ကြုံ​ခဲ့​ရ​သော အ​ဖြစ်​အ​ပျက်​များ​ကို​သ​တိ​ရ​ကြ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မည်​ကဲ့ သို့ ကယ်​တင်​တော်​မူ​ခဲ့​ကြောင်း​သင်​တို့​သိ မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ