Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 52:8

Common Language Bible

သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့ သည်​ဇေ​ဒ​ကိ​မင်း​ကို​လိုက်​လံ​ဖမ်း​ဆီး​ကြ ရာ ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ လေ​သည်။ ဇေ​ဒ​ကိ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​သူ့​အား​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဇေ​ဒ​ကိ​မင်း​သည်​ဗာ​ဗု​လုန်​ပြည်​သား​တို့ ၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​တွင်း​သို့​သက်​ဆင်း ရ​ကာ​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော ဆို​ရ​လိမ့်​မည်။-

ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-

ဇေ​ဒ​ကိ​မင်း​သည် ငါ့​အား​နန်း​တော်​သို့​ခေါ်​ယူ ပြီး​လျှင် ``ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ဗျာ ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​ရ​ရှိ​ပါ​သ​လော'' ဟု​တိတ်​တ​ဆိတ်​မေး​မြန်း​တော်​မူ​၏။ ငါ​က``ရှိ​ပါ​သည်။ အ​ရှင်​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​လက်​တွင်း​သို့​ရောက်​ရှိ​ရ​ပါ​လိမ့်​မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။-

ထို​နောက်​ငါ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် အ​ရှင့်​မှူး​မတ်​များ​သို့​မ​ဟုတ်​ဤ​ပြည်​သူ တို့​ကို​အ​ဘယ်​သို့​ပြစ်​မှား​မိ​သ​ဖြင့် အ​ရှင် သည်​အ​ကျွန်ုပ်​အား​အ​ကျဉ်း​ချ​၍​ထား တော်​မူ​ပါ​သ​နည်း။-

ထို​နောက်​ငါ​က``ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ သည် အ​ရှင်​၏​မိ​ဖု​ရား​များ​နှင့်​သား​သ​မီး အ​ပေါင်း​ကို​ထုတ်​ဆောင်​သွား​လိမ့်​မည်။ အ​ရှင် ကိုယ်​တိုင်​ပင်​လျှင်​သူ​တို့​၏​ဘေး​မှ​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်​ပါ။ ဗာ​ဗု​လုန်​ဘု​ရင် ၏​ဖမ်း​ဆီး​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​ကျွမ်း​လောင်​၍​သွား​လိမ့် မည်'' ဟု​လျှောက်​ထား​ပြန်​၏။

သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သည် သူ တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ရာ​ယေ​ရိ​ခေါ လွင်​ပြင်​အ​နီး​တွင်​ဇေ​ဒ​ကိ​ကို​ရ​မိ​ကြ​၏။ ထို​နောက်​သူ့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့ သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ဗု ခဒ်​နေ​ဇာ​သည်​ဇေ​ဒ​ကိ​အ​ပေါ်​၌​စီ​ရင် ချက်​ချ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ