Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 52:34

Common Language Bible

ထို့​ပြင်​မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး နေ့​စဉ်​မှန် မှန်​အ​သုံး​စ​ရိတ်​ကို​လည်း​ရ​ရှိ​လေ​သည်။ ပ​ရော​ဖက်​ယေ​ရ​မိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့်​တ​ကွ​သင်​၏​သား​သင်​၏​အစေ​ခံ​တို့ သည် သင့်​သ​ခင်​ရှော​လု​၏​အိမ်​ထောင်​စု​အ​တွက် ထို​မြေ​ယာ​များ​ကို​ထွန်​ယက်​စိုက်​ပျိုး​၍ အ​သီး အ​နှံ​များ​ကို​ယူ​ဆောင်​ကာ​သူ​တို့​အ​ဖို့​ရိက္ခာ အ​ဖြစ်​ဖြင့်​ပေး​သွင်း​ရ​မည်။ သို့​ရာ​တွင်​မေ​ဖိ ဗော​ရှက်​မူ​ကား​ငါ​၏​စား​ပွဲ​တွင်​ငါ​နှင့်​အ​တူ စား​သောက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ဇိ​ဘ တွင်​သား​တစ်​ဆယ့်​ငါး​ယောက်​နှင့်​အ​စေ​ခံ နှစ်​ဆယ်​ရှိ​သ​တည်း။)

မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​နေ့​စဉ်​မှန်​မှန် အ​သုံး​စ​ရိတ်​ကို​လည်း တစ်​သက်​လုံး​ရ​ရှိ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​စ​တုတ္ထ​စောင်​ပြီး​၏။

ငါ​ပြန်​လည်​မ​ဖြေ​ကြား​သော​အ​ခါ​နေ​ဗု​ဇာ ရ​ဒန်​သည် ဆက်​လက်​၍``ယု​ဒ​မြို့​များ​အ​တွက် ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့ သူ​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ရံ​၏​သား​ဂေ​ဒ​လိ​ထံ သို့​ပြန်​၍​သူ​နှင့်​အ​တူ​ပြည်​သူ​တို့​အ​ထဲ​တွင် နေ​ထိုင်​ပါ​လော့။ သို့​မ​ဟုတ်​လျှင်​လည်း​မိ​မိ သွား​သင့်​သည်​ဟု​ထင်​သည့်​အ​ရပ်​သို့​သွား ပါ​လော့'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​လက် ဆောင်​နှင့်​ရိက္ခာ​အ​ချို့​ကို​ယူ​ဆောင်​သွား​ရန် ပေး​အပ်​ပြီး​လျှင်​ငါ့​အား​ခ​ရီး​ပြု​စေ​၏။-

ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊ အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။

လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ