ယေရမိ 52:3Common Language Bibleယေရုရှလင်မြို့နှင့်ယုဒပြည်၏အခြေ အနေသည်အလွန်ဆိုးရွား၍လာသဖြင့် ထာဝရဘုရားသည်အမျက်ထွက်ပြီး လျှင်ပြည်သားတို့အားပြည်နှင်ဒဏ်သင့် စေတော်မူ၏။ ဇေဒကိသည်ဗာဗုလုန်ဘုရင်ကိုပုန်ကန် သဖြင့်၊- အခန်းကိုကြည့်ပါ။ |
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
ထိုကြောင့်ထာဝရဘုရားသည်သူတို့အား အစေခံပရောဖက်များအားဖြင့် သတိ ပေးမိန့်မှာတော်မူခဲ့သည့်အတိုင်းမျက် မှောက်တော်မှနှင်ထုတ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အာရှုရိ ပြည်သို့ပြည်နှင်ဒဏ်ခံရလျက် ထိုပြည် တွင်ယနေ့တိုင်အောင်နေထိုင်ရကြလေ သည်။
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-