ယေရမိ 52:15Common Language Bibleထိုနောက်မင်းကြီး၏အစောင့်တပ်မတော်မှူး နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန်ရှိနေ သေးသည့်သူများ၊ လက်မှုပညာသည်အကြွင်း အကျန်များနှင့် ဗာဗုလုန်မြို့သားတို့ဘက် သို့ကူးပြောင်းလာသူများအား ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားလေသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ယောရှိ၏သားယောယ ကိမ်မင်းလက်ထက်၌လည်း သူ့ကိုတစ်ဖန်ဗျာ ဒိတ်ပေးတော်မူပြန်၏။ ထိုနောက်ကိုယ်တော်သည် ယောရှိ၏သားဇေဒကိနန်းစံတစ်ဆယ့်တစ် နှစ်မြောက်၊ ပဉ္စမလ၌ယေရုရှလင်မြို့သား တို့ပြည်နှင်ဒဏ်သင့်ချိန်တိုင်အောင် အကြိမ် ပေါင်းများစွာသူ့အားဗျာဒိတ်တော်များ ကိုပေးတော်မူလေသည်။
ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-