Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 51:9

Common Language Bible

`ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​ကူ​မ​ရန်​ကြိုး စား​ကြ​ပါ​သော်​လည်း​များ​စွာ​နောက်​ကျ​၍ နေ​လေ​ပြီ။ လာ​ကြ။ ထို​မြို့​မှ​ထွက်​ခွာ​၍​ငါ တို့​ပြည်​သို့​ပြန်​ကြ​ကုန်​အံ့။ ဘု​ရား​သခင်​သည် အ​နန္တ​တန်​ခိုး​တော်​ဖြင့်​ဗာ​ဗု​လုန်​မြို့​ကို​အ ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ လုံး​ဝ​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သြ​ဒက်​အ​မည်​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​၏။ သူ​သည် တိုက်​ပွဲ​မှ​ပြန်​လာ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​မြို့​အ​ဝင်​ဝ​မှ​ဆီး​ကြို​ပြီး​လျှင်``သင် တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​အား​သူ​တို့​ကို နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​၏။ သို့​ရာ​တွင်​သင် တို့​သည်​မိ​မိ​တို့​အ​မျက်​ဒေါ​သ​ကို​မ​ချုပ် တည်း​ဘဲ​သုတ်​သင်​သတ်​ဖြတ်​မှု​ကို​ပြု​ခဲ့ ကြ​၏။-

ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။-

မု​ဆိုး​တို့​၏​ဘေး​မှ​က​စင့်​က​လျား​ထွက်​ပြေး ကြ​သည့်​ဒ​ရယ်​များ​ကဲ့​သို့၊ ထိန်း​ကျောင်း​သူ​မ​ရှိ သည့်​သိုး​များ​ကဲ့​သို့ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင် သူ​လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​၏​နေ​ရင်း ပြည်​သို့​ပြန်​ပြေး​ကြ​လိမ့်​မည်။-

သင်​တစ်​သက်​လုံး​တိုင်​ပင်​ခဲ့​သည့်​နက္ခတ်​ဆ​ရာ တို့​၏ အ​ကြံ​ပေး​ချက်​သည်​လည်း၊ ဤ​အ​တိုင်း​ပင်​သင့်​အား​ဖြစ်​စေ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ထား​ခဲ့​၍ မိ​မိ​တို့​သွား​လို​ရာ​သို့​ထွက်​သွား​ကြ​လိမ့်​မည်။ သင့်​ကို​ကယ်​ရန်​မည်​သူ​တစ်​ယောက်​မျှ​ကျန်​ရစ်​ခဲ့ လိမ့်​မည်​မ​ဟုတ်။''

သင်​တို့​၏​စစ်​သူ​ရဲ​များ​သည်​ခြေ​ချော်​၍​လဲ ကြ​ကုန်​၏။ သူ​တို့​တစ်​ယောက်​ကို​တစ်​ယောက်`မြန်​မြန်​လာ​ကြ။ ငါ​တို့​သည်​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​ကြ ကုန်​အံ့။ ရန်​သူ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ရန်​ပြေး​ကြ ကုန်​အံ့' ဟု​ဆို​ကြ​၏။

အ​ငှား​စစ်​သည်​များ​ပင်​လျှင်​နွား​သ​ငယ်​များ သ​ဖွယ် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကြ​၏။ သူ​တို့​သည်​ခု​ခံ​တိုက်​ခိုက်​မှု​ကို​မ​ပြု​ဘဲ အား​လုံး​လှည့်​၍​ပြေး​ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​ဆုံး​ပါး​ပျက်​စီး ရ​မည့်​နေ့၊ ကံ​ကြမ္မာ​ဆိုး​ကြုံ​တွေ့​ရ​မည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။

ဗာ​ဗု​လုန်​ပြည်​တွင်​ပျိုး​ကြဲ​ခွင့်​မ​ပြု​ကြ နှင့်။ သူ​တို့​ကို​လည်း အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ခွင့်​မ​ပေး​ကြ​နှင့်။ ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ရှိ​သည့်​လူ​မျိုး​ခြား​မှန်​သ​မျှ သည် ယ​ခု​စစ်​ဆင်​လျက်​ရှိ​သည့်​တပ်​မ​တော် ကို​ကြောက်​သ​ဖြင့် မိ​မိ​တို့​ပြည်​သို့​ပြန် ကြ​လိမ့်​မည်။

လူ​တို့​က​လည်း``နွေ​ရာ​သီ​ကုန်​ဆုံး​၍​အ​သီး အ​နှံ ရိတ်​သိမ်း​ချိန်​ကုန်​လွန်​ပြီ​ဖြစ်​သော်​လည်း၊ ငါ​တို့​သည်​ကယ်​တင်​ခြင်း​မ​ခံ​ရ​ကြ​သေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။

``သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ ရ​ပြီ။ ငါ့​ကို​စွန့်​ခွာ​၍​ပုန်​ကန်​ကြ​ပြီ။ သို့ ဖြစ်​၍​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​လိမ့် မည်။ ငါ​သည်​သူ​တို့​ကို​ကယ်​တင်​လို​သော် လည်း​သူ​တို့​သည်​ငါ့​အား​မှန်​သော​ကိုး ကွယ်​မှု​မ​ပြု​ကြ၊ လိမ်​လည်​လှည့်​ဖြား ကြ​၏။-

ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊ ``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။ သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။

အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​အ​ပြစ်​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မြင့်​မား​၍ သူ​၏​ဆိုး​ယုတ်​သော​အ​ပြု​အ​မူ​များ​ကို ဘု​ရား​သ​ခင်​သ​တိ​ရ​တော်​မူ​လေ​ပြီ ဖြစ်​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ