ယေရမိ 51:50Common Language Bibleထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ထိုအရပ်များတွင်ပြည်နှင်ဒဏ် ခံရသူများကဲ့သို့နေရကြလိမ့်မည်။ ထို အခါလွတ်မြောက်လာသူတို့သည်ငါ့ကို သတိရကြလိမ့်မည်။ မိမိတို့၏သစ္စာမဲ့ သောစိတ်နှလုံးဖြင့်ငါ့အားစွန့်ပယ်ကာ ရုပ်တု တို့ကိုငါ့ထက်ပို၍မြတ်နိုးကြသည့်အတွက် ငါသည်အဘယ်မျှဝမ်းနည်းကြောင်းသိရှိ နားလည်လာကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ပြုခဲ့သည့်ဆိုးညစ် ယုတ်မာမှုများအတွက် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။-