ယေရမိ 51:45Common Language Bibleဣသရေလပြည်သားတို့၊ ထိုမြို့မှထွက်ပြေး ကြလော့။ လူအပေါင်းတို့အသက်ချမ်းသာ ရာရစေရန် ငါ၏ပြင်းထန်သောအမျက် တော်မှရှောင်ပြေးကြလော့။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။-
`ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-