Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 51:43

Common Language Bible

မြို့​တို့​သည်​လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​မြင်​ကွင်း ဖြစ်​လာ​ကြ​လျက်​လူ​သူ​ဆိတ်​ငြိမ်​ရာ၊ ရေ မ​ရှိ​သည့်​သဲ​ကန္တာ​ရ​နှင့်​တူ​ကြ​၏။ ထို​မြို့ များ​သို့​အ​ဘယ်​သူ​မျှ​လည်း​ခ​ရီး​မ​ပြု ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​ကြည့်​ကြ​လော့။ ကမ္ဘာ​မြေ​ပေါ်​တွင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ကြည့်​ကြ​လော့။

ထို​မြို့​တွင်​အ​ဘယ်​အ​ခါ​၌​မျှ​လူ​တို့​နေ​ထိုင် ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အာ​ရပ်​အ​မျိုး သား​ခ​ရီး​သည်​မျှ​လည်း​တဲ​ထိုး​တည်း​ခို​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သိုး​ထိန်း​မျှ လည်း​ထို​အ​ရပ်​တွင်​မိ​မိ​၏​သိုး​အုပ်​ကို​ထိန်း ကျောင်း​ရ​လိမ့်​မည်​မ​ဟုတ်။-

နန်း​တော်​အ​ဆောက်​အ​ဦ​များ​နှင့်​တံ​တိုင်း ကာ​ရံ​ထား​သည့်​မြို့​အ​ပေါင်း​တို့​တွင် ဆူး ပင်​အ​မျိုး​မျိုး​ပေါက်​လျက် ခွေး​အ​များ​နှင့် ဇီး​ကွက်​များ​ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။-

ဘေး​အန္တ​ရာယ်​ဆိုး​သည်​သင်​၏​အ​ပေါ်​သို့ သက်​ရောက်​လာ​လိမ့်​မည်။ ယင်း​ကို​သင်​၏​မှော်​အ​တတ်​က​တား​ဆီး​နိုင် လိမ့်​မည်​မ​ဟုတ်။ သင်​သည်​အ​ဘယ်​အ​ခါ​က​မျှ​အိပ်​မက်​၌​ပင် မ​မြင်​မက်​ဘူး​သော​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကြုံ​တွေ့​ရ​လိမ့်​မည်။

သူ​တို့​သည်​ဤ​ပြည်​အား​လူ​သူ​ကင်း​မဲ့​သော ပြည်၊ ထာ​ဝ​စဉ်​စက်​ဆုတ်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​စေ​ကြ​လေ​ပြီ။ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​လူ​အ​ပေါင်း တို့​သည် အံ့​သြ​တွေ​ဝေ​၍​သွား​ကြ​လျက် မိ​မိ​တို့​ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။

ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် ကာ တော​ကန္တာ​ရ​တစ်​လျှောက်​လုံး၊သဲ​ကန္တာ​ရ​များ၊ မြေ​တွင်း​များ​နှင့်​ပြည့်​နှက်​လျက်​နေ​သော​ပြည်၊ ခြောက်​ကပ်​၍​ဘေး​အန္တ​ရာယ်​များ​သော​ပြည်၊ လူ​သူ​ဆိတ်​ညံ​လျက် ခ​ရီး​သည်​မ​ရှိ​သည့်​ပြည်​ကို​ဖြတ်​၍ လမ်း​ပြ​ပို့​ဆောင်​ပေး​ခဲ့​သော်​လည်း​သူ​တို့​သည် ငါ့​ကို​ဂ​ရု​မ​စိုက်​ကြ။

သင်​တို့​၏​မြို့​သည်​အ​ရှက်​ကွဲ​၍​အ​သ​ရေ ပျက်​လိမ့်​မည်။ နိုင်​ငံ​တ​ကာ​တို့​တွင်​ဗာ​ဗု​လုန် နိုင်​ငံ​သည် အ​သိမ်​ငယ်​ဆုံး​သော​နိုင်​ငံ​ဖြစ် လိမ့်​မည်။ ယင်း​သည်​ခြောက်​သွေ့​၍​ရေ​မ​ရှိ သည့်​သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။-

ထာ​ဝ​ရ​ဘုရား​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပြီ​ဖြစ်​၍ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​၍​သွား​၏။ ကိုယ် တော်​သည်​ဗာ​ဗု​လုန်​မြို့​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​ဒေ​သ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-

ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-

ထို​နောက်`အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဤ​အ​ရပ်​ကို​လူ​နှင့်​တိ​ရစ္ဆာန်​များ​ပါ မ​ကျန်၊ သက်​ရှိ​သတ္တ​ဝါ​တို့​ဆိတ်​သုဉ်း​ရာ သဲ​ကန္တာ​ရ​နှင့်​ထာ​ဝ​စဉ်​တူ​စေ​မည်​ဖြစ် ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ