ယေရမိ 51:37Common Language Bibleထိုအခါဗာဗုလုန်မြို့သည်တောတိရစ္ဆာန်ခို အောင်းရာ အဆောက်အအုံပျက်များဖြစ်၍နေ လိမ့်မည်။ ယင်းသည်တုန်လှုပ်ချောက်ချားဖွယ် ကောင်းသောမြင်ကွင်းဖြစ်၍ လူသူဆိတ်ငြိမ် ရာဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။