Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 51:26

Common Language Bible

သင်​ယို​ယွင်း​ပျက်​စီး​ရာ​မှ​ကျန်​ရစ်​သော​ကျောက် တုံး​များ​ကို အ​ဆောက်​အ​အုံ​တည်​ဆောက်​ရာ​တွင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သုံး​ပြု​ကြ​တော့ မည်​မ​ဟုတ်။ သင်​သည်​ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့ ရာ​ဖြစ်​၍​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​ညွန်​ပျောင်း​ဖြစ်​စေ ၍၊ ဇီး​ကွက်​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ကြ​လိမ့် မည်။ ငါ​သည်​တံ​မြက်​လှည်း​သူ​ကဲ့​သို့​ဗာ​ဗု​လုန် မြို့​မှ​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​သုတ်​သင် ပယ်​ရှင်း​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​ငါ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နှင့်​ပြည်​သူ တို့​အား မိ​မိ​တို့​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ဆုံး​မ​မည်။ သူ​တို့​၏​ပြည်​ကို​ဖျက်​ဆီး​ကာ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​စေ​မည်။-

ထာ​ဝ​ရ​ဘုရား​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပြီ​ဖြစ်​၍ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​၍​သွား​၏။ ကိုယ် တော်​သည်​ဗာ​ဗု​လုန်​မြို့​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​ဒေ​သ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-

ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-

မြို့​တို့​သည်​လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​မြင်​ကွင်း ဖြစ်​လာ​ကြ​လျက်​လူ​သူ​ဆိတ်​ငြိမ်​ရာ၊ ရေ မ​ရှိ​သည့်​သဲ​ကန္တာ​ရ​နှင့်​တူ​ကြ​၏။ ထို​မြို့ များ​သို့​အ​ဘယ်​သူ​မျှ​လည်း​ခ​ရီး​မ​ပြု ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ