Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 50:8

Common Language Bible

``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗာ​ဗု​လုန်​မြို့ မှ​ထွက်​ပြေး​ကြ​လော့။ ထို​ပြည်​မှ​ထွက်​ခွာ သွား​ကြ​လော့။ အ​ဦး​အ​ဖျား​ထွက်​ခွာ သွား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။

ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​သွား​ကြ​လော့။ လွတ်​လပ်​စွာ​ထွက်​ခွာ​သွား​ကြ​လော့။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​ပြီ'' ဟူ​သော သ​တင်း​ကို​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ရပ်​တ​ကာ​တွင်​ကြား​သိ​စေ​ကြ​လော့။

ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။ အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။ တိုင်း​တစ်​ပါး​သား​တို့​သည် နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။

သန့်​ရှင်း​မြင့်​မြတ်​သည့်​ခွက်​ဖ​လား​များ​ကို ကိုင်​ဆောင်​လာ​သူ​အ​ပေါင်း​တို့၊ ဗာ​ဗု​လုန်​ပြည်​မှ​ချက်​ချင်း​ထွက်​ခွာ​လာ​ကြ​လော့။ တား​မြစ်​ထား​သည့်​အ​ရာ​များ​ကို​လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ သင်​တို့​ကိုယ်​ကို​သန့်​စွာ​ထား​၍​မြို့​ထဲ​မှ ထွက်​ခွာ​သွား​ကြ​လော့။

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထို​မြို့​မှ​ထွက်​ပြေး ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​သက်​ချမ်း​သာ ရာ​ရ​စေ​ရန် ငါ​၏​ပြင်း​ထန်​သော​အ​မျက် တော်​မှ​ရှောင်​ပြေး​ကြ​လော့။-

ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ပြေး​ကြ​လော့။ သင်​တို့ သည်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​လော့။ ဗာ​ဗု​လုန်​အ​ပြစ်​ကြောင့်​အ​သေ မ​ခံ​ကြ​နှင့်။ ယ​ခု​ငါ​သည်​ဗာ​ဗု​လုန်​မြို့ အာ​ခံ​သည့်​အ​ပြစ်​ဒဏ်​အ​တွက်​လက်​စား ချေ​လျက်​ရှိ​၏။-

ထို​အ​ခါ​လူ​မျိုး​ပေါင်း​မြောက်​မြား​စွာ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ် ကြ​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​လာ ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​တို့​အ​လယ် တွင်​ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​လိမ့်​မည်။-

သူ​သည်​လူ​အ​ပေါင်း​တို့​အား``ဤ​ဆိုး​ယုတ် သော​သူ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​နေ ကြ​လော့။ သူ​တို့​နှင့်​ဆိုင်​သော​ပစ္စည်း​တစ်​စုံ တစ်​ခု​ကို​မျှ​လက်​ဖြင့်​မ​ထိ​ကြ​နှင့်။ ငါ ၏​စ​ကား​ကို​နား​မ​ထောင်​လျှင်​သင်​တို့ သည်​သူ​တို့​၏​အ​ပြစ်​ကြောင့် သူ​တို့​နှင့် အ​တူ​ပျက်​စီး​ကြ​ရ​လိမ့်​မည်'' ဟု သ​တိ​ပေး​လေ​၏။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​တို့​အ​ထဲ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​တို့​နှင့်​မ​ပေါင်း​မ​ဖော်​ကြ​နှင့်။ မ​သန့်​စင်​သည့်​အ​ရာ​ကို​လက်​နှင့်​မျှ မ​ပတ်​သက်​နှင့်။ သို့​ပြု​လျှင်​ငါ​သည်​သင်​တို့​ကို​လက်​ခံ​မည်။

ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊ ``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။ သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ