ယေရမိ 50:6Common Language Bible``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။-
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။