ယေရမိ 50:46Common Language Bibleဗာဗုလုန်မြို့ပြိုလဲသောအခါကြီးစွာ သောအသံဖြစ်ပေါ်လာသဖြင့် ကမ္ဘာမြေ ကြီးသည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက် လန့်အော်ဟစ်ကြသောအသံများကိုလည်း လူမျိုးတကာတို့ကြားရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။ လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
ငါသည်ယော်ဒန်မြစ်တစ်လျှောက်ရှိထူထပ် သောတောအုပ်ထဲမှ စိမ်းလန်းသောမြက်ခင်း ပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့သို့ထွက်လာ ပြီးလျှင် ဧဒုံအမျိုးသားတို့အားမိမိတို့ ပြည်မှထွက်ပြေးစေမည်။ ထိုနောက်ငါသည် ထိုနိုင်ငံကိုအုပ်စိုးရန်မင်းတစ်ပါးအား ရွေးချယ်ခန့်ထားမည်။ ငါနှင့်အဘယ်သူ ကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ်သူသည် ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ် မည်သောမင်းသည်ငါ့အားအတိုက်အခံ ပြုနိုင်မည်နည်း။-
ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။-
သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။