Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 50:41

Common Language Bible

``မြောက်​ဘက်​နိုင်​ငံ​တစ်​ခု​မှ​လူ​တို့​သည် ချီ​တက်​၍​လာ​လိမ့်​မည်။ ရပ်​ဝေး​မှ​တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​ဖြစ်​သည်။ ဘု​ရင်​များ​သည်​စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။

ငါ​သည်​မြောက်​အ​ရပ်​ရှိ​ခွန်​အား​ကြီး​မား သည့်​နိုင်​ငံ​များ​ကို​လှုံ့​ဆော်​ကာ ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​စစ်​ရေး​စစ် ရာ​ခင်း​ကျင်း​လျက်​ထို​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပစ်​မှတ်​ကို​အ​စဉ် ထိ​မှန်​အောင်​ပစ်​ခတ်​နိုင်​သူ​မု​ဆိုး​ကျော် များ​ကဲ့​သို့​မိ​မိ​တို့​လေး​များ​ကို​ပစ်​ခတ် တတ်​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ​တော်​မူ​သ​ဖြင့် မေ​ဒိ​ဘု​ရင်​တို့​ကို​လှုံ့​ဆော်​ပေး​တော်​မူ​လေ ပြီ။ ထို​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ဖျက်​ဆီး​ခံ​ခဲ့ ရ​ခြင်း​အ​တွက်​လက်​စား​ချေ​တော်​မူ​မည်။ တိုက်​ခိုက်​နေ​သူ​တပ်​မ​တော်​အ​ရာ​ရှိ​များ က``သင်​တို့​၏​မြား​များ​ကို​ချွန်​ကြ​လော့။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​ကြ​လော့။-

ရေ​တွက်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​နိုင်​ငံ​သက်​တမ်း​ကို​ဘု​ရား​သ​ခင် ရေ​တွက်​၍ ဆုံး​ခန်း​တိုင်​ရောက်​စေ​တော်​မူ ပြီ​ဟူ​၍​ဖြစ်​ပါ​၏။-

သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ