ယေရမိ 50:15Common Language Bibleမြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။- အခန်းကိုကြည့်ပါ။ |
သင်တို့သည်သူတို့ကဲ့သို့ခေါင်းမမာကြ နှင့်။ ထာဝရဘုရား၏စကားတော်ကိုနား ထောင်ကြလော့။ သင်တို့သည်သင်တို့ဘုရားသခင်ထာဝရဘုရားထာဝစဉ်သီးသန့် ထားတော်မူသောယေရုရှလင်မြို့ဗိမာန် တော်သို့လာ၍ ကိုယ်တော်အားကိုးကွယ် ဝတ်ပြုကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအမျက်ထွက်တော်မူ တော့မည်မဟုတ်။-
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။-
ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။ လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက် သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-
သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-)
ထိုနောက်ယဇ်ပုရောဟိတ်တို့တံပိုးခရာကို အသံရှည်ရှည်တစ်ချက်မှုတ်ရကြမည်။ ထို အချက်ပေးသံကိုကြားရလျှင် လူအပေါင်း တို့သည် အသံကျယ်စွာအော်ဟစ်ရကြမည်။ ထိုအခါမြို့ရိုးများပြိုကျသဖြင့်စစ်သည် တပ်သားအားလုံး မိမိတို့ရှိနေရာမှမြို့ တွင်းသို့အတားအဆီးမရှိဘဲဝင်ရောက် နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-