Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 5:8

Common Language Bible

သူ​တို့​သည်​အ​စာ​ဝ​၍​ရာ​ဂ​ထန်​သည့် မြင်း​ဆိုး​များ​ကဲ့​သို့​ဟီ​လျက်​အိမ်​နီး​ချင်း​တို့​၏​ဇ​နီး​များ​ကို​တပ်​မက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။-

သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊

``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။

``သူ​တစ်​ပါး​၏​အိမ်​ကို​လို​ချင်​တပ်​မက်​သော စိတ်​မ​ရှိ​နှင့်။ သူ​တစ်​ပါး​၏​မ​ယား၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို မ​တပ်​မက်​နှင့်'' ဟု​မိန့်​တော်​မူ​သ​တည်း။

သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​စက်​ဆုတ်​သည့် အ​မှု​များ​ကို သင်​တို့​ပြု​ကျင့်​ကြ​သည်​ကို မြင်​တော်​မူ​ပြီ။ သင်​တို့​သည်​အိမ်​နီး​ချင်း​၏ ဇ​နီး​ကို​တပ်​မက်​သူ​ကဲ့​သို့၊ မြင်း​မ​ကို​တပ် မက်​၍​ဟီ​သည့်​မြင်း​လား​ကဲ့​သို့၊ တောင်​ကုန်း များ၊ လယ်​ကွင်း​များ​တွင်​အ​ရှက်​ကင်း​မဲ့​စွာ ပြည့်​တန်​ဆာ​လုပ်​ငန်း​ကို​လုပ်​ကြ​၏။ ယေ​ရု ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ အ​ဘယ်​အ​ခါ​မှ​သင် တို့​သည်​သန့်​စင်​၍​လာ​ကြ​မည်​နည်း။

ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​အား သစ္စာ​မဲ့​သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။ သူ​တို့​သည်​မ​သ​မာ​သော​အ​မှု​များ​ကို ပြု​ကျင့်​လျက် မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​ကို​အ​လွဲ​သုံး​စား ပြု​ကြ​၏။ ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ကျိန်​စာ​သင့်​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း လျက်၊တိရစ္ဆာန် စား​ကျက်​သည်​လည်း​ခြောက်​သွေ့​လျက်​နေ​၏။

ထို​သူ​တို့​၏​ကံ​ကြမ္မာ​သည်​ဤ​နည်း​အ​တိုင်း ပင်​ဖြစ်​ရ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​သား​မ​ယား ကို​ပြစ်​မှား​ကြ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လိမ်​လည်​ဟော​ပြော​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​နှင့်​မ​ကိုက်​ညီ။ ကိုယ်​တော်​သည် သူ​တို့​ပြု​သည့်​အ​မှု​ကို​သိ​တော်​မူ​သည်​ဖြစ်​၍ ဒိ​ဌ​သက်​သေ​ဖြစ်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍ ပါ​ရှိ​လေ​သည်။

ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-

ငါ​သည်​မိ​မိ​အ​မျိုး​သား​များ​အား​စွန့်​ခွာ​ပြီး လျှင် သဲ​ကန္တာ​ရ​တွင်​သွား​ရောက်​နေ​ထိုင်​စ​ရာ အ​ခန်း​တစ်​ခု​ကို​လို​ချင်​စမ်း​ပါ​ဘိ။ သူ​တို့​အား​လုံး​ပင်​လျှင်​သစ္စာ​မဲ့​၍​အခြား ဖောက်​ပြား​သူ​များ​ဖြစ်​ကြ​၏။

သင့်​အ​ထဲ​၌​အ​ချို့​သော​သူ​တို့​သည်​သူ တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မိ​မိ​တို့​၏ ချွေး​မ​များ​ကို​သော်​လည်း​ကောင်း၊ အ​ဖေ​တူ အ​မေ​ကွဲ​နှ​မ​များ​ကို​သော်​လည်း​ကောင်း ဖြား​ယောင်း​ပြစ်​မှား​ကြ​၏။-

`` `သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။

`` `သူ​တစ်​ပါး​၏​မ​ယား၊ အိမ်၊ မြေ၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​သ​မျှ​တို့​ကို​တပ်​မက် ခြင်း​မ​ရှိ​နှင့်' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ