Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 5:23

Common Language Bible

သို့​ရာ​တွင်​အ​ချင်း​လူ​တို့၊ သင်​တို့​သည်​ခေါင်း​မာ​ပုန်​ကန်​ကာ​လမ်း​လွဲ​၍​ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲ ပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။ ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှ ဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။ ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။

ငါ​သည်​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​ထို​သူ​တို့​အား အ​မျက်​ထွက်​ခဲ့​၏။ ``သူ​တို့​သည်​လွန်​စွာ​သစ္စာ​ဖောက်​သူ​များ​ပါ တ​ကား။ ငါ​၏​ပ​ညတ်​တို့​ကို​လိုက်​နာ​ရန်​ငြင်း​ဆန်​သူ​များ ပါ​တ​ကား'' ဟု​ငါ​ဆို​၏။

သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဆက်​လက်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​သ​နည်း။ ယ​ခု​ထက်​ပင်​ပို​မို​ကြီး​လေး​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​လို​ကြ​ပါ​သ​လော။ အ​ချင်း​ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​၏​ဦး​ခေါင်း​သည်​ဒဏ်​ရာ​များ​ဖြင့်​ပြည့်​လျက်​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​သည်​လည်း​ညှိုး​နွမ်း​လျက်​နေ​၏။-

ဘု​ရား​သ​ခင်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​သည်​ငါ့​ကို​ပြစ်​မှား​ကာ​ဆန့်​ကျင် ဘက်​ပြု​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ယ​ခု​ငါ​၏ ထံ​သို့​ပြန်​လာ​ကြ​လော့။-

``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

သူ​တို့​သည်​လယ်​စောင့်​ကင်း​သ​မား​များ​ကဲ့​သို့ ထို​မြို့​တို့​ကို​ဝိုင်း​ရံ​ထား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကြောင့်​ဖြစ်​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​တော်​မူ​သော​စ​ကား​ပင်​တည်း။

ငါ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​ထံ​သွား​၍​သူ​တို့​အား​ပြော​ဆို​မည်။ သူ​တို့​သည်​အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ရာ​၏။ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့် စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သိ​ရှိ​ကြ​ရာ​၏'' ဟု​တွေး​တော​မိ​၏။ သို့​ရာ​တွင်​သူ​တို့​အား​လုံး​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ထမ်း​ပိုး​ကို​ချိုး​လျက် နှောင်​ကြိုး​များ​ကို​လည်း​ဖြတ်​ကြ​လေ​ပြီ။

သူ​တို့​အား​လုံး​ပင်​ခေါင်း​မာ​သည့်​သူ​ပုန် များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ကြေး​ဝါ​ကဲ့ သို့​လည်း​ကောင်း၊ သံ​ကဲ့​သို့​လည်း​ကောင်း​မာ ကြော​ကြ​၏။ သူ​တို့​သည်​လှည့်​လည်​သွား​လာ ၍​ကုန်း​ချော​တတ်​ကြ​၏။ အ​ကျင့်​ပျက်​သူ များ​ဖြစ်​ကြ​၏။-

သူ​တို့​သည်​ငါ့​ထံ​မှ​ရှောင်​ဖယ်​လျက်​သွား​မြဲ သွား​ကြ​၏။ သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး​ကြောင့် ညည်း​တွား​အော်​ဟစ်​သော်​လည်း​မည်​သူ​က မျှ​ထို​ထမ်း​ပိုး​ကို​ပင့်​ပေး​လိမ့်​မည်​မ​ဟုတ်။

သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။-

မိ​မိ​၏​မြို့​သား​များ​ကို​ပင်​လျှင်​ညှင်း​ပန်း နှိပ်​စက်​ကာ​အ​ကျင့်​ပျက်​ပုန်​ကန်​တတ်​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​၏။-

``မိ​ဘ​တို့​ဆုံး​မ​သော်​လည်း​မ​နာ​ခံ ခေါင်း​မာ​၍ တော်​လှန်​တတ်​သော​သား​ရှိ​လျှင်၊-

သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-

ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ