သူတို့၏လေးသမားတို့သည်ခွန်အားကြီး၍ ပွင့်နေသောသင်္ချိုင်းကဲ့သို့မညှာမတာသတ်တတ်ကြ၏။-
ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
သူတို့၏မြားများသည်ထက်လျက်၊ လေးတို့ သည်လည်းတင်ရန်အသင့်ရှိကြ၏။ သူတို့ ၏မြင်းခွာများသည်မီးခတ်ကျောက်ကဲ့သို့ မာ၍ရထားဘီးများသည်လည်းလေဗွေ ကဲ့သို့လျင်မြန်စွာလည်ကြ၏။-
ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။''
ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
သူတို့သည်ကြောက်မက်ဖွယ်ကောင်းသော စကားများကိုပြောဆိုကြ၏။ သူတို့သည်မိမိတို့လျှာဖြင့်လိမ်လည်လှည့် စားကြ၏။ မြွေဆိုးကဲ့သို့သူတို့၏နှုတ်ခမ်းတွင် အဆိပ်အတောက်ရှိ၏။