Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 49:4

Common Language Bible

သစ္စာ​မ​ရှိ​သော​လူ​မျိုး​တို့၊ သင်​တို့​သည်​အ​ဘယ် ကြောင့်​ကြွား​ဝါ​သ​နည်း။ သင်​တို့​၏​အင်​အား သည်​ချည့်​နဲ့​နေ​ပြီ။ သင်​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​တန်​ခိုး​စွမ်း​ရည်​ကို​ယုံ​စား​၍`ငါ​တို့ အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​ရဲ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။

``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။ သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။

အ​ကြမ်း​ဖက်​မှု​ကို​အား​မ​ကိုး​ကြ​နှင့်။ လု​ယက်​မှု​ဖြင့်​အ​ကျိုး​ခံ​စား​ရ​လိမ့်​မည်​ဟု မ​မျှော်​လင့်​ကြ​နှင့်။ သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​သည် တိုး​ပွား​လာ​စေ​ကာ​မူ​ယင်း​တို့​ကို​အား​မ​ကိုး ကြ​နှင့်။

ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​လွင်​ပြင်​ပေါ်​မှ ကျောက်​ဆောင်​ကြီး​သ​ဖွယ်​ချိုင့်​ဝှမ်း​များ​အ ထက်​တွင်​မြင့်​မား​စွာ​ရပ်​တည်​လျက်​ရှိ​၏။ သို့ သော်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တိုက် ခိုက်​တော်​မူ​မည်။ သင်​သည်​မိ​မိ​အား​အ​ဘယ် သူ​မျှ​မ​တိုက်​မ​ခိုက်​နိုင်။ သင်​၏​ခံ​တပ်​များ ကို​လည်း​မ​ဖြို​မ​ခွင်း​နိုင်​ဟု​ဆို​ချေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​က``အို သစ္စာ​ဖောက်​သည့်​လူ​မျိုး တို့၊ ပြန်​၍​လာ​ကြ​လော့။ ငါ​သည်​သင်​၏​ခင်​ပွန်း ဖြစ်​၏။ သင်​တို့​အား​မြို့​တစ်​မြို့​လျှင်​တစ်​ယောက် ကျ၊ သား​ချင်း​စု​တစ်​စု​လျှင်​နှစ်​ယောက်​ကျ ရွေး​ချယ်​၍ ဇိ​အုန်​တောင်​သို့​ပြန်​လည်​ခေါ်​ဆောင် မည်။-

သစ္စာ​မဲ့​သည့်​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​မျှ ကြာ​ရှည်​တုံ့​ဆိုင်း​၍​နေ​ကြ​မည်​နည်း။ အ​မျိုး​သ​မီး​သည်​အ​မျိုး​သား​အား​အ​ကာ အ​ကွယ် ပေး​နိုင်​ခြင်း​သည်​ဆန်း​သစ်​သ​ကဲ့​သို့၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဆန်း​သစ်​သည့် အ​မှု​ကို ဖန်​တီး​စီ​ရင်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

``အို မော​ဘ​ပြည်၊သင်​သည်​မိ​မိ​၏​အင်​အား​နှင့် စည်း​စိမ်​ချမ်း​သာ​ကို​အား​ကိုး​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​လိမ့်​မည်။ သင်​၏​ဘု​ရား​ခေ​မု​ရှ​သည်​လည်း​သူ​၏​မင်း သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ် သင့်​ရ​ပေ​တော့​အံ့။

သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သူ​တို့ သည်​မိ​မိ​တို့​၏​ခိုင်​မာ​ဆိုး​ညစ်​သည့်​စိတ်​နှ လုံး​မှ​ပေါ်​ထွက်​လာ​သည့်​အ​ကြံ​အ​စည်​များ အ​တိုင်း​ပြု​မူ​ကြ​ကုန်​သည်။ သူ​တို့​သည်​ပို​မို ကောင်း​မွန်​လာ​မည့်​အ​စား​ဆိုး​ယုတ်​၍​လာ ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။

ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထိန်း ကျောင်း​ရ​ခက်​သော​နွား​မ​တမ်း​ကဲ့​သို့​ပေ ကပ်​ကပ်​နိုင်​လှ​၏။ ငါ​သည်​သူ​တို့​အား သိုး​က​လေး​များ​သ​ဖွယ်​စား​ကျက်​တွင် မည်​ကဲ့​သို့​ထိန်း​ကျောင်း​နိုင်​ပါ​အံ့​နည်း။-

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-

သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှ သူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ