Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 49:36

Common Language Bible

ကောင်း​ကင်​အ​ရပ်​လေး​မျက်​နှာ​မှ​လာ​သော လေ​ကို​ဧ​လံ​ပြည်​သို့​တိုက်​ခတ်​စေ​၍ ပြည်​သူ တို့​အား​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​မည်။ ထို ဒုက္ခ​သည်​များ​မ​ရောက်​ကြ​သည့်​တိုင်း​နိုင်​ငံ တစ်​ခု​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​ထူ​ထောင်​လျက်​တိုင်း​တစ်​ပါး​တွင် နေ​ကြ​ရ​သူ ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​လည် ခေါ်​ဆောင်​လာ​တော်​မူ​၏။

မိ​မိ​သည်​ကွဲ​လွင့်​လျက်​နေ​သော​ဣ​သ​ရေ​လ ကို​လည်း​ကောင်း၊ ပြန့်​ကျဲ​နေ​သော​ယု​ဒ​လူ​မျိုး တို့​အား ကမ္ဘာ​မြေ​ပြင်​အ​ရပ်​လေး​မျက်​နှာ​မှ ပြန်​လည်​စု​သိမ်း​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဖော်​ပြ​ရန်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ချက်​ပြ​အ​လံ​တော်​ကို​လွှင့်​ထူ တော်​မူ​လိမ့်​မည်။-

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။

မိ​မိ​၏​လူ​မျိုး​တော်​အား​ပြည်​နှင်​ဒဏ်​သင့် ရာ​မှ​သူ​တို့​၏​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သည် အ​ခြား​အ​မျိုး​သား​တို့​ကို​လည်း​ထို လူ​စု​နှင့်​အ​တူ​စု​ပေါင်း​နေ​ထိုင်​ရန်​ခေါ် ဆောင်​လာ​တော်​မူ​လိမ့်​မည်။

သင်​တို့​၏​ရန်​သူ​များ​က`ဇိ​အုန်​မြို့​သည် အ​ပယ်​ခံ​ဖြစ်​လေ​ပြီ။ ထို​မြို့​ကို​အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ​တော့' ဟု​ဆို​သော်​လည်း ငါ​သည်​သင်​တို့​အား​တစ်​ဖန်​ပြန်​၍​ကျန်း​မာ လာ​စေ​မည်။ သင်​တို့​၏​အ​နာ​များ​ကို​ကျက်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

``သူ​တို့​၏​ကု​လား​အုတ်​မှ​စ​၍​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ယူ​ကြ​လော့။ ငါ​သည်​ဆံ​ပင် ဖြတ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​၍ အ​ရပ်​ရပ်​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့​ကြုံ စေ​မည်။-

ထို့​ကြောင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ​မိဘ​သည်​သား သ​မီး​တို့​ကို​စား​ကြ​လိမ့်​မည်။ သား​သ​မီး တို့​သည်​လည်း​မိ​ဘ​တို့​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ် သူ​တို့​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​ခတ် လျက်​အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​စေ​မည်။''

သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သော​လူ​တို့ မြို့​တွင်း​၌​အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း ဘေး​တို့​ဖြင့်​သေ​ကြ​လိမ့်​မည်။ အ​ခြား​သုံး ပုံ​တစ်​ပုံ​မှာ​မြို့​ပြင်​၌​ဋ္ဌား​ဘေး​သင့်​၍​သေ ကြ​လိမ့်​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​ကို​မူ​လေ တွင်​လွင့်​စင်​သွား​စေ​လျက်​ငါ​သည်​ဋ္ဌား​ဖြင့် လိုက်​လံ​တိုက်​ခိုက်​မည်။

သို့​ရာ​တွင်​သူ​၏​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး​အ​ချိန်​သို့​ရောက်​သော​အ​ခါ အင် ပါ​ယာ​နိုင်​ငံ​သည်​လေး​စိတ်​ကွဲ​၍​သွား​လိမ့် မည်။ သူ​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​တို့​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​သည်​ထို​ဘု​ရင်​လောက်​တန်​ခိုး​ကြီး ကြ​လိမ့်​မည်​မ​ဟုတ်။

ထို​ဦး​ချို​ကျိုး​၍​သွား​သော​အ​ခါ​ပေါက်​လာ သည့်​ဦး​ချို​လေး​ချောင်း​တို့​မှာ ထို​နိုင်​ငံ​မှ​ကွဲ ပြား​ပေါ်​ပေါက်​လာ​မည့်​နိုင်​ငံ​လေး​ခု​ဖြစ်​၏။ သို့​ရာ​တွင်​ထို​နိုင်​ငံ​တို့​သည် ပ​ထ​မ​နိုင်​ငံ လောက်​အင်​အား​ကြီး​မား​ကြ​လိမ့်​မည် မ​ဟုတ်။

ဆိတ်​သည်​ပို​၍​ပို​၍​မာန်​မာ​န​ထောင်​လွှား လာ​၏။ သို့​ရာ​တွင်​သူ​တန်​ခိုး​အ​ကြီး​ဆုံး အ​ချိန်​သို့​ရောက်​သော​အ​ခါ​သူ​၏​ဦး​ချို သည်​ကျိုး​သွား​ပြီး​လျှင် ထို​ဦး​ချို​၏​နေ​ရာ တွင်​အ​ရပ်​လေး​မျက်​နှာ​သို့​ငေါ​ထွက်​နေ သော​ဦး​ချို​လေး​ချောင်း​ပေါက်​၍​လာ​လေ သည်။-

``ဆန်​ကို​ဆန်​ကာ​တင်​ပြီး​ခါ​ချ​သ​ကဲ့​သို့​ငါ​၏ အ​မိန့်​ဖြင့် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ဆန်​ခါ တင်​ကာ​ခါ​ချ​လိုက်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး များ​အ​ထဲ​၌​လှုပ်​ခါ​ပြီး​နောက်​မ​ထိုက်​တန်​သူ မှန်​သ​မျှ​ကို​ငါ​ရှင်း​လိုက်​မည်။-

ကောင်း​ကင်​တ​မန်​က``ယင်း​တို့​သည်​လေ​လေး​ပါး ဖြစ်​၏။ ထို​လေ​တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး ကို​အ​စိုး​ရ​သော​အ​ရှင်​၏​ရှေ့​တော်​မှောက်​မှ ယ​ခု​ပင်​ထွက်​လာ​ခဲ့​ကြ​၏'' ဟု​ဆို​လေ​သည်။

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကမ္ဘာ​တစ် စွန်း​မှ​တစ်​စွန်း​တိုင်​အောင် လူ​မျိုး​အ​ပေါင်း​တို့ ထဲ​သို့​ပျံ့​နှံ့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​တို့​မ​ကိုး ကွယ်​ဘူး​သော​သစ်​သား၊ သံ​တို့​ဖြင့်​ထု​လုပ် သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ လိမ့်​မည်။-

ထို​နောက်​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​အ​ရပ်​လေး​မျက်​နှာ​တွင် ရပ်​လျက်​နေ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည် ကုန်း​မြေ​ပေါ်​နှင့်​ပင်​လယ်​ပြင်​၌​သော်​လည်း​ကောင်း၊ သစ်​ပင်​များ​ကို​သော်​လည်း​ကောင်း​လေ​မ​တိုက် ခတ်​နိုင်​စေ​ရန် အ​ရပ်​လေး​မျက်​နှာ​မှ​လေ​တို့ ကို​ဆွဲ​ကိုင်​ထား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ