Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 49:26

Common Language Bible

သို့​ဖြစ်​၍​ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော အ​ခါ လူ​ငယ်​လူ​ရွယ်​များ​နှင့်​စစ်​သူ​ရဲ​အ ပေါင်း​တို့​သည်​မြို့​လမ်း​များ​အ​ပေါ်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​၏​က​လေး​သူ​ငယ် များ​သည်​လည်း အ​စာ​ရေ​စာ​ငတ်​၍​သေ​ကြ လိမ့်​မည်။-

သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​မြို့​လမ်း များ​ပေါ်​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ တို့​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည် လည်း​ထို​နေ့​၌​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။ သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊ စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။

လူ​ကြီး​လူ​ငယ်​တို့​သည်​လမ်း​များ​ပေါ်​တွင် လဲ​၍​သေ​ရ​ကြ​ပါ​၏။ ပျို​ရွယ်​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး​များ​သည် ရန်​သူ​၏​ဋ္ဌား​ဘေး​သင့်​၍​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​မျက်​ထွက်​တော်​မူ​သော​နေ့​၌ သ​နား​ညှာ​တာ​ခြင်း​မ​ရှိ​ဘဲ သူ​တို့​ကို​ကွပ်​မျက်​တော်​မူ​ပါ​၏။

သင်​ချမ်း​သာ​သ​မျှ​ကုန်​စည်​များ၊ သင်​၏​သင်္ဘော​သား​အား​လုံး၊သင်္ဘော​ပြု​ပြင်​သူ လက်​သ​မား​ဆ​ရာ​များ​နှင့်​ကုန်​သည်​များ၊ သင်္ဘော​ပေါ်​ရှိ​စစ်​သူ​ရဲ​များ​နှင့်​ရှိ​ရှိ​သ​မျှ သော လူ​တို့​သည် သင်​၏​သင်္ဘော​ပျက်​သော​အ​ခါ​ပင်​လယ်​ထဲ တွင် နစ်​မြုပ်​သေ​ဆုံး​ကြ​ကုန်​၏။

``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ