Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 49:24

Common Language Bible

ဒ​မာ​သက်​မြို့​သား​တို့​သည်​စိတ်​အား​ငယ် လျက်​ထိတ်​လန့်​တုန်​လှုပ်​ကာ​ထွက်​ပြေး​ကြ ကုန်​၏။ သူ​တို့​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​ကဲ့​သို့ ကိုယ်​စိတ်​ဝေ​ဒ​နာ​ပြင်း​စွာ ခံ​စား​ရ​ကြ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန်​လှုပ်​လျက် သား​ဖွား​သော​အ​မျိုး​သမီး​ကဲ့​သို့​ပြင်း​ပြ စွာ​ဝေ​ဒ​နာ​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြောက်​စိတ်​နှင့်​ကြည့်​ကြ​လိမ့်​မည်။ သူ​တို့ ၏​မျက်​နှာ​များ​သည်​လည်း​ရှက်​သွေး​သန်း လျက်​နေ​လိမ့်​မည်။-

မေး​မြန်း​လျက်​စဉ်း​စား​ကြည့်​ကြ​လော့။ အ​မျိုး​သား​သည်​သား​ဖွား​၍​ရ​နိုင်​သ​လော။ သို့​ဖြစ်​ပါ​မူ​အ​မျိုး​သား​ပင်​လျှင်​သား​ဖွား ဝေ​ဒ​နာ ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့၊ အ​ဘယ်​ကြောင့်​မိ​မိ​တို့​ဝမ်း​ကို​လက်​ဖြင့်​နှိပ် လျက် နေ​သည်​ကို​ငါ​တွေ့​ရှိ​ရ​သ​နည်း။ လူ​တိုင်း​သည်​အ​ဘယ်​ကြောင့်​ဖြူ​ဖတ်​ဖြူ​ရော် ဖြစ်​နေ​ကြ​သ​နည်း။

သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''

မြို့​များ၊ ခံ​တပ်​များ​သည်​အ​သိမ်း​ခံ​ရ​ကြ လိမ့်​မည်။ ထို​နေ့​၌​မော​ဘ​စစ်​သည်​တော်​တို့ သည်​သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး သ​မီး​ကဲ့​သို့​ကြောက်​လန့်​ကြ​လိမ့်​မည်။-

ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

သူ​တို့​၏​တဲ​ရှင်​များ​နှင့်​သိုး​အုပ်​များ​ကို လည်း​ကောင်း၊ တဲ​ကန့်​လန့်​ကာ​များ​နှင့်​တဲ​တွင်း ရှိ​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း​သိမ်း​ယူ ကြ​လော့။ သူ​တို့​၏​ကု​လား​အုတ်​များ​ကို​သိမ်း ယူ​ပြီး​လျှင်​လူ​တို့​အား`သင်​တို့​၏​ပတ်​လည် သို့​ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ရောက်​ရှိ​လာ​လေ​ပြီ' ဟု​ပြော​ကြား​ကြ​လော့။

ဧ​လံ​ပြည်​သား​တို့​သည်​မိ​မိ​တို့​ကို​သတ်​ဖြတ် လို​သူ​ရန်​သူ​များ​အား​ကြောက်​လန့်​အောင်​ငါ ပြု​မည်။ ငါ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍​သူ တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​အား လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​သည်​တိုင်​အောင် တပ်​မ​တော်​များ​ကို​ငါ​စေ​လွှတ်​၍​တိုက်​ခိုက် စေ​မည်။-

ဗာ​ဗု​လုန်​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​ပင်​မ​လှုပ်​မ​ရှား​နိုင် တော့​ချေ။ သူ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​လေ​သည်။

ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​သက် ရှင်​ခွင့်​ကို​ရ​လျက်​နှင့်​မ​ယူ​တတ်​သ​ဖြင့် လွန်​စွာ​မိုက်​မဲ​၏။ သူ​တို့​သည်​ဖွား​ချိန်​တန် သော်​လည်း​မ​ဖွား​လို​သော​က​လေး​နှင့် တူ​၏။-

ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။

လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ​စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား တွင်​မြေ​င​လျင်​လှုပ်​၍​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက် လတ္တံ့​သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​ဖြစ်​၏။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ