Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 49:20

Common Language Bible

သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။

လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။

အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​တို့​အား​တိုက်​ခိုက် လျက်​ရှိ​သည့်​ဗာ​ဗု​လုန်​တပ်​မ​တော်​တစ်​ခု​လုံး ကို​နှိမ်​နင်း​နိုင်​၍ ဒဏ်​ရာ​ရ​သူ​များ​သာ​လျှင် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​ကျန်​ရှိ​တော့​သည်​ဟု ဆို​စေ​ကာ​မူ ထို​သူ​တို့​သည်​ထ​၍​ဤ​မြို့​ကို မီး​ရှို့​ပစ်​ကြ​လိမ့်​မည်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

ဗော​ဇ​ရ​မြို့​သည်​တွေ့​မြင်​ရ​သူ​တို့​လန့်​ဖျပ် တုန်​လှုပ်​ဖွယ်​လူ​သူ​ကင်း​မဲ့​ရာ​အ​ရပ်​ဖြစ်​စေ ရန်​လည်း​ကောင်း၊ လူ​တို့​သည်​ထို​မြို့​ကို​ပြက် ရယ်​ပြု​၍​ယင်း​၏​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​စေ​ရန်​လည်း​ကောင်း ငါ​ကိုယ်​တိုင်​ပင်​ကျိန်​ဆို​က​တိ​ပြု​ပြီ။ နီး နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် သည်​ဧဒုံ​ပြည်​ကို​ရည်​မှတ်​၍``ဧ​ဒုံ​ပြည်​သား တို့​သည်​ဆင်​ခြင်​တိုင်း​ထွာ​နိုင်​စွမ်း​မ​ရှိ​ကြ တော့​ပြီ​လော။ သူ​တို့​၏​ပ​ညာ​ရှိ​များ​သည် လည်း​အ​ဘယ်​အ​မှု​ကို​ပြု​သင့်​ကြောင်း အ​ကြံ​ဉာဏ်​မ​ပေး​နိုင်​ကြ​တော့​ပြီ​လော။ သူ​တို့​၏​အ​သိ​ပ​ညာ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​လေ​ပြီ​လော။-

သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​အ​တွက်​ငါ​ပြု​လုပ် ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်​ကောင်း၊ မြို့ သူ​မြို့​သား​များ​အ​တွက်​ငါ​ကြံ​စည်​ထား သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း​နား​ထောင် ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏​သား​သ​မီး များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက်​ဆွဲ​၍​ခေါ်​ဆောင် သွား​လိမ့်​မည်။ တွေ့​မြင်​ရ​သူ​အ​ပေါင်း​တို့ သည်​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။-

ထို့​ကြောင့်​ငါ​သည်​တေမန်​မြို့​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး ဗော​ဇ​ရ​ရဲ​တိုက်​များ​ကို​ပြာ​ချ လိုက်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကောင်း​ကင်​တ​မန်​က​ငါ့​အား``သင်​သည်​ဇေ​ရု​ဗ ဗေ​လ​သို့​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဤ ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​လော့။ ကိုယ်​တော်​က သူ့​အား`သင်​သည်​မိ​မိ​၏​တန်​ခိုး​စွမ်း​ရည်​အား ဖြင့်​သော်​လည်း​ကောင်း၊ စစ်​သည်​ဗိုလ်​ခြေ​အင်​အား အား​ဖြင့်​သော်​လည်း​ကောင်း​ဤ​အ​မှု​ကို​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ဝိ​ညာဉ်​တော်​တန်​ခိုး တော်​အား​ဖြင့်​သာ​လျှင်​ပြု​နိုင်​လိမ့်​မည်'' ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-

ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-

ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ