Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 49:15

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နိုင်​ငံ​ကို​အား အင်​ချည့်​နဲ့​စေ​တော်​မူ​မည်​ဖြစ်​၍ အ​ဘယ်​သူ မျှ​သင်​တို့​ကို​လေး​စား​ကြ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည် တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။

ငါ​က``အ​ချင်း​ဧ​ဒုံ​ပြည်၊ ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​အား သင် တို့​၏​တပ်​မ​တော်​များ​ကို​စု​ဝေး​၍​ဧ​ဒုံ ပြည်​ကို​တိုက်​ခိုက်​ကြ​လော့။ စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​ကြ​လော့​ဟု​ပြော​ကြား​ရန် တ​မန်​တော်​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။-

သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​ဒုံ​ပြည်​အား ``ငါ​သည်​သင့်​ကို​အား​အင်​ချည့်​နဲ့​စေ​မည်။ လူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ရွံ​ရှာ စက်​ဆုတ်​ကြ​လိမ့်​မည်။

ထို​အ​ခါ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟူ​၍​ပြောင် လှောင်​ကာ​မေး​မြန်း​ကြ​သော​ငါ​တို့​၏​ရန်​သူ များ​သည် ဤ​အ​မှု​ကို​မြင်​၍​အ​ရှက်​ကွဲ ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့် သ​ဖြင့်​လမ်း​ပေါ်​မှ​ရွှံ့​သ​ဖွယ်​နင်း​ချေ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​တို့​မြင်​ရ​လိမ့် မည်။

မ​ဟာ​လက်​ရုံး​တော်​ဖြင့်​မာ​န​ကြီး​သူ​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ