Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 49:11

Common Language Bible

သင်​တို့​၏​မိ​ဘ​မဲ့​က​လေး​များ​ကို​ငါ​နှင့် ထား​ခဲ့​ကြ​လော့။ သူ​တို့​အား​ငါ​ကြည့်​ရှု ပြု​စု​မည်။ သင်​တို့​၏​မု​ဆိုး​မ​များ​သည် ငါ့​ကို​မှီ​ခို​အား​ကိုး​နိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ဣသ​ရေ​လ​ပြည်​တွင်​နေ ထိုင်​သော တိုင်း​တစ်​ပါး​သား​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍​မု​ဆိုး​မ​နှင့် မိ​ဘ​မဲ့​သူ​တို့​ကို​ကူ​မ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကို​မူ​ပျက်​စီး​ဆုံး​ရှုံး စေ​တော်​မူ​၏။

သန့်​ရှင်း​မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​တွင် ကိန်း​ဝပ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မိ​ဘ​မဲ့​သူ​များ​ကို​စောင့်​ရှောက်​၍​မု​ဆိုး​မ များ​ကို ကာ​ကွယ်​တော်​မူ​၏။

ဆင်း​ရဲ​သူ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏​ရ​ပိုင်​ခွင့် များ​ကို ကွယ်​ကာ​စောင့်​ရှောက်​ရ​ကြ​မည်။ ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့​သူ​တို့​အ​တွက် တ​ရား​မျှ​တ​စွာ​တ​ရား​စီ​ရင်​ရ​ကြ​မည်။

အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကျွန်ုပ်​တို့​ကို​မ ကယ်​နိုင်​ပါ။ စစ်​ရ​ထား​များ​သည်​အ​ကျွန်ုပ် တို့​ကို​မ​ကာ​ကွယ်​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​လက် ဖြင့်​လုပ်​သော​ရုပ်​တု​များ​ကို အ​ကျွန်ုပ်​တို့​၏ ဘု​ရား​ဟု​နောက်​တစ်​ဖန်​မ​ခေါ်​တော့​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခို​ကိုး​ရာ မဲ့​သော​သူ​တို့​အား​ကြင်​နာ​သ​နား​တော် မူ​ပါ​၏။''

ထို​နည်း​တူ​ပင်​အ​မှား​အ​မှန်​ကို​မ​ဝေ​ခွဲ နိုင်​သည့်​က​လေး​သူ​ငယ်​တစ်​သိန်း​နှစ်​သောင်း ကျော်​နှင့်​တိ​ရစ္ဆာန်​အ​မြောက်​အ​များ​ရှိ​သော နိ​နေ​ဝေ​မြို့​ကို​ငါ​ပို​၍​နှ​မြော​သင့်​သည် မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​န​၏​ဝတ္ထု​ပြီး​၏။

မု​ဆိုး​မ​များ၊ မိ​ဘ​မဲ့​များ၊ တစ်​ကျွန်း​တစ် နိုင်​ငံ​သား​များ​သို့​မ​ဟုတ်​ဆင်း​ရဲ​နွမ်း​ပါး သူ​များ​အား​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်၊ တစ်​ဦး​ကို​တစ်​ဦး​ဘေး​ဒုက္ခ​ရောက်​အောင် မ​ကြံ​စည်​ကြ​နှင့်'' ဟု​မိန့်​မှာ​ခဲ့​၏။

ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။

မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။-

တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။-

ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ