Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 48:41

Common Language Bible

မြို့​များ၊ ခံ​တပ်​များ​သည်​အ​သိမ်း​ခံ​ရ​ကြ လိမ့်​မည်။ ထို​နေ့​၌​မော​ဘ​စစ်​သည်​တော်​တို့ သည်​သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး သ​မီး​ကဲ့​သို့​ကြောက်​လန့်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန်​လှုပ်​လျက် သား​ဖွား​သော​အ​မျိုး​သမီး​ကဲ့​သို့​ပြင်း​ပြ စွာ​ဝေ​ဒ​နာ​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြောက်​စိတ်​နှင့်​ကြည့်​ကြ​လိမ့်​မည်။ သူ​တို့ ၏​မျက်​နှာ​များ​သည်​လည်း​ရှက်​သွေး​သန်း လျက်​နေ​လိမ့်​မည်။-

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-

မေး​မြန်း​လျက်​စဉ်း​စား​ကြည့်​ကြ​လော့။ အ​မျိုး​သား​သည်​သား​ဖွား​၍​ရ​နိုင်​သ​လော။ သို့​ဖြစ်​ပါ​မူ​အ​မျိုး​သား​ပင်​လျှင်​သား​ဖွား ဝေ​ဒ​နာ ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့၊ အ​ဘယ်​ကြောင့်​မိ​မိ​တို့​ဝမ်း​ကို​လက်​ဖြင့်​နှိပ် လျက် နေ​သည်​ကို​ငါ​တွေ့​ရှိ​ရ​သ​နည်း။ လူ​တိုင်း​သည်​အ​ဘယ်​ကြောင့်​ဖြူ​ဖတ်​ဖြူ​ရော် ဖြစ်​နေ​ကြ​သ​နည်း။

သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''

ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​၌​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ​သည်​စိတ်​ပျက်​အား​လျော့​ကြ လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​တ​အံ့ တ​သြ​ဖြစ်​၍ ပ​ရော​ဖက်​တို့​သည်​အံ့​အား သင့်​လျက်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ဒ​မာ​သက်​မြို့​သား​တို့​သည်​စိတ်​အား​ငယ် လျက်​ထိတ်​လန့်​တုန်​လှုပ်​ကာ​ထွက်​ပြေး​ကြ ကုန်​၏။ သူ​တို့​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​ကဲ့​သို့ ကိုယ်​စိတ်​ဝေ​ဒ​နာ​ပြင်း​စွာ ခံ​စား​ရ​ကြ​ပေ​သည်။-

သူ​တို့​၏​မြင်း​များ၊စစ်​ရ​ထား​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ငှား​ရမ်း​ထား​သည့်​စစ်​သည်​တပ်​သား​တို့ သည် သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​အား​အင်​ချည့်​နဲ့​လျက် နေ​ကြ​၏။ ဗာ​ဗု​လုန်​မြို့​၏​ပစ္စည်း​ဘဏ္ဍာ​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ယင်း​တို့​ကို​တိုက်​ခိုက်​လု​ယက်​ကြ​လော့။

ဗာ​ဗု​လုန်​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​ပင်​မ​လှုပ်​မ​ရှား​နိုင် တော့​ချေ။ သူ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​လေ​သည်။

ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​တို့​သည်​စစ်​မ​တိုက် ကြ​တော့​ဘဲ​မိ​မိ​တို့​ခံ​တပ်​များ​အ​တွင်း​၌​သာ လျှင်​နေ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည်​စိတ်​ပျက် အား​လျော့​ကာ​အ​မျိုး​သ​မီး​များ​သ​ဖွယ်​ဖြစ် ကြ​လေ​ကုန်​ပြီ။ မြို့​တံ​ခါး​တို့​သည်​ကျိုး​ပေါက် ကုန်​လျက်​အိမ်​များ​သည်​လည်း​မီး​လောင်​၍​နေ​၏။-

ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-

ငါ​သည်​မော​ဘ​ပြည်​အ​ပေါ်​သို့​မီး​မိုး​ရွာ စေ​ပြီး​ကေ​ရုတ်​မြို့​၏​ရဲ​တိုက်​များ​ကို​ပြာ ချ​လိုက်​မည်။ စစ်​သည်​တို့​၏​အော်​သံ​ဟစ် သံ၊ ခ​ရာ​သံ​နှင့်​တိုက်​ပွဲ​သံ​များ​ဆူ​ဆူ ညံ​ညံ​ပြင်း​ထန်​နေ​သော​အ​ချိန်​မှာ​ပင် မော​ဘ​ပြည်​သား​များ​သေ​ဆုံး​လိမ့်​မည်။-

``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ