Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 48:15

Common Language Bible

မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာ သူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် ကြောက်​မက်​ဖွယ်​ကောင်း​ပေ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်​ဖြစ်​တော် မူ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။ တာ​ဗော်​တောင်​ထိပ်​သည်​တောင်​တ​ကာ​တို့ ထက် မြင့်​သ​ကဲ့​သို့​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်​ထိပ်​သည်​လည်း၊ပင်​လယ် အ​နီး​တွင် မြင့်​မား​စွာ​တည်​ရှိ​သကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​တိုက်​ခိုက်​မည့်​သူ​သည်​ခွန်​အား ကြီး​မား ပေ​လိမ့်​မည်။

``မော​ဘ​ပြည်​သည်​ပြို​ပျက်​၍​သွား​လေ​ပြီ။ က​လေး​သူ​ငယ်​တို့​အော်​ဟစ်​သံ​ကို နား​ထောင်​ကြ​လော့။

စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ထို​သူ​တို့​အား​ကယ်​ဆယ်​တော်​မူ မည့်​အ​ရှင်​သည်​ခွန်​အား​ကြီး​မား​တော်​မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​မှာ​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သ​တည်း။ ထို​အ​ရှင်​ကိုယ် တော်​တိုင်​သူ​တို့​၏​အ​ကျိုး​ကို​ပြု​စု​တော်​မူ ၍ ပြည်​တော်​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​စေ တော်​မူ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ကို​မူ​ကား​ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​သူ​တို့​အား​သိုး​သ​ငယ်​များ​ကဲ့​သို့ လည်း​ကောင်း၊ ဆိတ်​ထီး၊ သိုး​ထီး​များ​ကဲ့​သို့ လည်း​ကောင်း​သတ်​ရန်​ခေါ်​ဆောင်​သွား​မည် ဟု​မိန့်​တော်​မူ​၏။

ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။

``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။

``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။

ထို​အ​ခါ​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း​ကိုယ်​တော်​အား မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​အ​ဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ထို​နာ​မ​တော်​တစ်​ပါး​တည်း​ဖြင့်​သိ​မှတ် ကြ​လိမ့်​မည်။

``မိ​မိ​၏​သိုး​အုပ်​တွင်​အ​ပြစ်​အ​နာ​ကင်း သည့်​သိုး​များ​ရှိ​ပါ​လျက် ငါ့​အား​လိမ်​လည် လှည့်​စား​၍​အ​သုံး​မ​ကျ​သည့်​ယဇ်​ကောင် ကို​ပူ​ဇော်​ဆက်​သ​သူ​သည်​ကျိန်​စာ​သင့်​ပါ စေ​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ကြီး​မြတ်​သည့်​ဘု​ရင်​ဖြစ်​တော်​မူ​၍ ငါ​၏ နာ​မ​တော်​ကို​လူ​မျိုး​တ​ကာ​တို့​ကြောက်​ရွံ့ ရို​သေ​ရ​သော​ကြောင့်​တည်း'' ဟု​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

သင်​တို့​အ​သီး​အ​နှံ​များ​ကို​ရိတ်​သိမ်း​ပေး သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ကြ။ သူ တို့​၏​တိုင်​တန်း​ခြင်း​ကို​နား​ထောင်​ကြ​လော့။ သူ တို့​ကျယ်​စွာ​ဟစ်​အော်​တောင်း​ခံ​သံ​ကို​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကြား​တော် မူ​လေ​ပြီ။-

ကိုယ်​တော်​၏​ဝတ်​လုံ​တော်​နှင့်​ပေါင်​တော်​တွင်``ဘု​ရင် တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်'' ဟူ​သော​အ​မည်​နာ​မ​တော်​ကို​ရေး​ထား​လျက် ရှိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ