ယေရမိ 47:3Common Language Bibleသူတို့သည်မြင်းခွာသံများနှင့်မြင်းရထား ဘီးလည်သံများကိုကြားရကြလိမ့်မည်။ ဖခင်များသည်မိမိတို့သားသမီးများကို ပြန်မကြည့်ကြ။ သူတို့၏လက်များသည်လည်းအားလျော့၍ တွဲကျလျက်ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-