Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 46:20

Common Language Bible

အီ​ဂျစ်​ပြည်​သည်​မြောက်​အ​ရပ်​မှ မှက်​ကိုက်​ခံ​ရ​သည့် လှ​ပ​ဆူ​ဖြိုး​သည်​နွား​မ​နှင့်​တူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ငါ့​အား``ဤ​ပြည်​တွင် နေ​ထိုင် သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ မြောက်​အ​ရပ်​မှ ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​လာ​လိမ့်​မည်။-

`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌ မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။

အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ လေ​ပြီ။ သူ​တို့​အား​မြောက်​အ​ရပ်​မှ​လူ​တို့​က နှိမ်​နင်း​လိုက်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

လျင်​မြန်​စွာ​ပြေး​သူ​တို့​သည်​မ​လွတ်​နိုင်။ စစ်​သူ​ရဲ​တို့​သည်​မ​လွတ်​မြောက်​နိုင်။ သူ​တို့​သည်​မြောက်​ဘက်​ဒေ​သ၊ဥ​ဖ​ရတ် မြစ် အ​နီး​တွင်​ခြေ​ချော်​၍​လဲ​ကြ​ကုန်​၏။

ကိုယ်​တော်​က၊ ``ကြည့်​ရှု​လော့။ မြောက်​အ​ရပ်​တွင်​ရေ​တက် လျက် ရေ​လျှံ​မြစ်​ကဲ့​သို့​စီး​ဆင်း​လာ​လိမ့်​မည်။ ထို​ရေ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မြေ​ကြီး ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​များ၊မြို့​များ​နှင့် မြို့​သူ​မြို့​သား​များ​ကို​လွှမ်း​မိုး​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကယ်​ရန်​ဟစ်​ခေါ်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ပြင်း​ပြ​စွာ ငို​ကြွေး​ကြ​လိမ့်​မည်။

ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-

``ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​သား​ရ​ပြီး​၍ စ​ပါး​နယ်​ရန်​အ​သင့်​ရှိ​နေ သော​နွား​မ​တမ်း​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​သည် သူ​၏​လှ​ပ​သော​လည်​ကုပ်​တွင် ထမ်း​ပိုး​တင်​၍ အ​လုပ်​ကြမ်း​ကို​လုပ်​စေ​မည်။ ငါ​သည်​ယု​ဒ အ​မျိုး​သား​တို့​ကို​ထွန်​ယက်​စေ​၍​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ထယ်​ထိုး​စေ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ