ယေရမိ 46:12Common Language Bibleလူမျိုးတကာတို့သည်သင်တို့အရှက်ကွဲမှုကို ကြားသိကြလေပြီ။ သင်တို့ငိုကြွေးသံကိုလူတိုင်းကြားရကြ၏။ စစ်သူရဲသည်တစ်ဦးနှင့်တစ်ဦးတိုက်မိသဖြင့် နှစ်ဦးစလုံးမြေပေါ်သို့လဲကျကြလေပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။