Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 44:9

Common Language Bible

ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​ပေါ် တွင် သင်​တို့​၏​ဘိုး​ဘေး​များ၊ ယုဒ​ဘု​ရင်​များ နှင့်​မိ​ဖု​ရား​များ၊ သင်​တို့​နှင့်​သင်​တို့​၏​ဇနီး များ​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​ကျင့်​ဆိုး​များ ကို​သင်​တို့​မေ့​လျော့​သွား​ကြ​လေ​ပြီ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

``ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း များ​တွင် သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​များ၊ သင် တို့​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင်​များ၊ ပြည်​သူ များ​ပူ​ဇော်​ခဲ့​ကြ​သည့်​ယဇ်​များ​နှင့်​ပတ် သက်​၍​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟူ​၍ သော်​လည်း​ကောင်း၊ မေ့​လျော့​တော်​မူ​လေ​ပြီ ဟူ​၍​သော်​လည်း​ကောင်း​သင်​တို့​ထင်​မှတ် ကြ​ပါ​သ​လော။-

သင်​တို့​သည်​ငါ​စက်​ဆုတ်​သည့်​အ​မှု​များ​ကို ပြု​ကျင့်​ကာ​ငါ​၏​ဗိ​မာန်​တော်​သို့​လာ​၍ ငါ့ ရှေ့​မှောက်​၌​ရပ်​ပြီး​လျှင်`ငါ​တို့​သည်​ဘေး ကင်း​ကြ​ပြီ၊ ဤ​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​ရာ​တို့​ကို​လုပ်​နိုင်​ကြ​ပြီ' ဟု​ဆို​ကြ​၏။-

သင်​တို့​သည်​ခိုး​ဝှက်​မှု၊ လူ​သတ်​မှု၊ သူ့​မ​ယား ကို​ပြစ်​မှား​မှု၊ ကျိန်​ဆို​၍​လိမ်​လည်​မှု၊ ဗာလ ဘု​ရား​ကို​ယဇ်​ပူ​ဇော်​မှု​နှင့်​မိ​မိ​တို့​မ​သိ ဘူး​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် မှု​တို့​ကို​ပြု​ကြ​၏။-

``သင်​တို့​သည်​တော​ကန္တာ​ရ​၌​ရှိ​စဉ်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက် တော်​ထွက်​စေ​ခဲ့​ကြောင်း​အ​မြဲ​သ​တိ​ရ​ကြ လော့။ သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​သော နေ့​မှ​စ​၍ ဤ​အရပ်​သို့​ရောက်​သည့်​နေ့​တိုင်​အောင် ကိုယ်​တော်​ကို​ပုန်​ကန်​ခဲ့​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ