Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 44:5

Common Language Bible

သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ပ​မာ​ဏ​မ​ပြု​ကြ။ အ​ခြား​ဘုရား​များ အား​ယဇ်​ပူ​ဇော်​သည့်​အ​ကျင့်​ကို​လည်း မ​ဖျောက်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​စေ​တ​မန် တို့​အား​ပြက်​ရယ်​ပြု​၍ အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။ ပ​ရော​ဖက်​တို့​အား​ပြောင်​လှောင်​ကြ​၏။ သို့ ဖြစ်​၍​နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​အား ချမ်း​သာ​မ​ပေး​တော့​ချေ။

ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နှစ်​ပြီး​တစ်​နှစ် သည်း​ခံ​၍​သ​တိ​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​နှိုး​ဆော်​သူ​ပ​ရော​ဖက်​များ​က ပြော​ဆို​ဆုံး​မ​ကြ​သော်​လည်း ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​နား​ပင်း​လျက် နေ​ကြ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​လူ​မျိုး​ခြား​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​ပါ​၏။

``အ​ကယ်​၍​သင်​တို့​သာ​လျှင်​ငါ​၏​အ​မိန့် တော်​များ​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငြိမ်​သက်​ခြင်း​ချောင်း​ရေ​ကဲ့​သို့၊သင်​တို့​အ​တွက် စီး​ဆင်း​လာ​မည်​သာ။ အောင်​မြင်​ခြင်း​သည်​လည်း​ကမ်း​ခြေ​တွင် ရိုက်​ခတ်​သည့်​လှိုင်း​လုံး​များ​ကဲ့​သို့​သင်​တို့​အ​တွက် ပေါ်​ထွက်​လာ​မည်​သာ။

သင်​တို့​သည်​သံ​ကဲ့​သို့​တင်း​မာ​လျက်၊ ကြေး​ဝါ​ကဲ့​သို့​မာ​ကြော​လျက်၊ခေါင်း​မာ နေ​ကြ​လိမ့်​မည်​ကို​ငါ​သိ​၏။

ငါ့​စ​ကား​ကို​နား​မ​ထောင်​သူ​မိ​မိ​တို့​ဘိုး ဘေး​များ​ပြု​ကျင့်​ခဲ့​သည့်​အ​ပြစ်​ဒု​စ​ရိုက် များ​ကို​ပင်​ပြန်​လည်​ပြု​ကျင့်​လျက်​နေ​ကြ လေ​ပြီ။ သူ​တို့​သည်​အ​ခြား​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လေ​ပြီ။ ဣသ​ရေ​လ​အ​မျိုး သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ​သည် ငါ​နှင့်​မိ​မိ​တို့​ဘိုး​ဘေး​များ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-

ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-

``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''

သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​မ ထောင်​ကြ။ လိုက်​နာ​မှု​လည်း​မ​ပြု​ကြ။ သူ​တို့ အား​လုံး​ပင်​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ဆိုး ညစ်​မြဲ​ဆိုး​ညစ်​လျက်​နေ​ကြ​၏။ ငါ​သည်​သူ တို့​အား​လိုက်​နာ​ရန်​အ​မိန့်​ချ​မှတ်​ထား​လျက် နှင့်​သူ​တို့​မ​လိုက်​နာ​ကြ​သော ပ​ဋိ​ညာဉ်​တော် တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​ကျိန်​စာ​များ​ကို​သူ တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​၏'' ဟု​မိန့်​တော် မူ​၏။

ဤ​ဆိုး​ညစ်​သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်၊ အ​ခြား​ဘု​ရား​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ အ​စေ​ခံ​လျက်​နေ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ထို​သူ​တို့​သည်​အ​သုံး​မ​ဝင်​တော့​သည့် ခါး​ဝတ်​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-

``ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် တို့​၏​နန်း​တော်​များ မိ​မိ​တို့​အ​မိုး​ပေါ်​တွင် ကြယ်​နက္ခတ်​များ​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့ ပူ​ဇော်​ရာ​အိမ်​များ​နှင့်​အ​ခြား​ဘု​ရား​များ အား စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း ကြ​သည့်​အိမ်​မှန်​သ​မျှ​တို့​သည်​တော​ဖက်​မြို့ ကဲ့​သို့ မ​သန့်​စင်​သည့်​အ​ရပ်​များ​ဖြစ်​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ယော​ဟ​နန်၊ တပ်​မှူး​များ​နှင့်​လူ အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်​တွင်​နေ​ထိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​ကြ။-

သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သူ​တို့ သည်​မိ​မိ​တို့​၏​ခိုင်​မာ​ဆိုး​ညစ်​သည့်​စိတ်​နှ လုံး​မှ​ပေါ်​ထွက်​လာ​သည့်​အ​ကြံ​အ​စည်​များ အ​တိုင်း​ပြု​မူ​ကြ​ကုန်​သည်။ သူ​တို့​သည်​ပို​မို ကောင်း​မွန်​လာ​မည့်​အ​စား​ဆိုး​ယုတ်​၍​လာ ကြ​၏။-

အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရင်​များ၊ မင်း ညီ​မင်း​သား​များ၊ ဘိုး​ဘေး​များ​မှ​စ​၍​ပြည် သူ​ပြည်​သား​အ​ပေါင်း​တို့​အား​နာ​မ​တော် ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော ဖက်​တို့​ဟော​ကြား​သည်​ကို​အ​ကျွန်ုပ်​တို့​မ လိုက်​နာ​ခဲ့​ကြ​ပါ။-

သို့​သော်​ငါ​သည်​သူ့​ကို​ခေါ်​လေ​လေ​သူ​သည် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လေ​လေ​ပင်​ဖြစ်​သည်။ ငါ​၏​လူ​မျိုး​တော်​သည်​ဗာ​လ​ဘု​ရား​ထံ ယဇ်​ပူ​ဇော်​၍​ရုပ်​တု​များ​အား​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ