Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 44:27

Common Language Bible

သင်​တို့​သည်​ကောင်း​စား​မည့်​အ​စား​ဆုံး​ရှုံး ပျက်​စီး​ကြ​စေ​ရန်​ငါ​ပြု​မည်။ အီ​ဂျစ်​ပြည် တွင်​နေ​ထိုင်​လျက်​ရှိ​သော​ယု​ဒ​ပြည်​သူ​တို့ သည်​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​သည်​တိုင် အောင်​စစ်​ဘေး​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ ဘေး​သော်​လည်း​ကောင်း​သင့်​၍​သေ​ရ​ကြ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မ​သေ​ဘဲ​ကျန်​ရစ်​သူ​တို့​ကို ငါ​သည်​စွန့်​၍​ရန်​သူ များ​၏​လက်​သို့​အပ်​မည်။ ရန်​သူ​တို့​သည်​သူ​တို့ ကို​နှိမ်​နင်း​၍ သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု ယူ​ကြ​လိမ့်​မည်။-

လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

ငါ​သည်​ဂ​ရု​ပြု​၍​သူ​တို့​အား​နုတ်​ပယ်​ဖြို​ချ၊ မှောက်​လှန်​ဖျက်​ဆီး၊ ပျက်​ပြုန်း​စေ​ခဲ့​သည်​နည်း တူ​တစ်​ဖန်​ပြန်​၍​ပြု​စု​ပျိုး​ထောင်​တည်​ဆောက် ၍​ပေး​မည်။-

ကိုယ်​တော်​က``သင်​သည်​ဆူ​ဒန်​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​အား`ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​ယ​ခင်​က​ဖော်​ပြ​ခဲ့​သည့် အ​တိုင်း​ဤ​မြို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယင်း​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ​လိမ့်​မည်​မ​ဟုတ်။ အ​ချိန်​ကျ​သော​အ​ခါ​ဤ​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လာ​သည်​ကို​တွေ့​မြင်​နိုင်​ရန်​သင် သည်​ထို​မြို့​တွင်​ရှိ​နေ​ပေ​လိမ့်​မည်။-

သင်​တို့​ကြောက်​ရွံ့​သည့်​စစ်​မက်​အန္တ​ရာယ်​သည် သင်​တို့​ကို​လိုက်​၍​မီ​လိမ့်​မည်။ သင်​တို့​ထိတ်​လန့် သည့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သည်​လည်း သင်​တို့​နောက်​မှ​လိုက်​၍​လာ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ လိမ့်​မည်။-

ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​ကာ​အီ​ဂျစ်​ပြည်​သို့ သွား​ရောက်​နေ​ထိုင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သူ တို့​မူ​ကား​တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး စေ​မည်။ ကြီး​ငယ်​မ​ဟူ​ထို​သူ​အ​ပေါင်း​တို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​လိမ့်​မည်။ လူ​တို့​သည်​သူ​တို့​အား​ပြက် ရယ်​ပြု​လျက်​သူ​တို့​၏​အ​မည်​နာ​မ​ကို ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-

ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​အား​အ​ပြစ်​ဒဏ် ခတ်​သ​ကဲ့​သို့​အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​သူ တို့​ကို​လည်း​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​မည်။-

အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ရန်​ယု​ဒ​ပြည်​မှ ထွက်​ခွာ​လာ​ကြ​သူ​တို့​အ​နက် အ​ဘယ်​သူ ကို​မျှ​ထို​ဘေး​များ​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ မိ​မိ​တို့​တစ်​ဖန်​ပြန်​လည်​နေ ထိုင်​ရန်​မျှော်​လင့်​တောင့်​တ​ကြ​သည့်​ယု​ဒ ပြည်​သို့ ထို​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ပြန်​ရ လိမ့်​မည်​မ​ဟုတ်။ ဒုက္ခ​သည်​အ​ချို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ပြန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ကောင်း​ကင်​ဘု​ရင်​မ​ကို​ယဇ်​ပူ​ဇော် မှု၊ သူ့​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း လောင်း​မှု​တို့​ကို​မ​ပြု​ကြ​တော့​သည့်​အ​ချိန် မှ​အ​စ​ပြု​၍ ငါ​တို့​သည်​များ​စွာ​ချို့​တဲ့ လျက်​ငါ​တို့​အ​မျိုး​သား​များ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍​သေ​ရ ကြ​ပါ​၏'' ဟု​ပြော​ကြား​ကြ​လေ​သည်။

သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-

ငါ​သည်​သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​ပင် မ​ကြား​ဘူး​သည့်​လူ​မျိုး​များ​အ​ထဲ​တွင် သူ တို့​အား​ပျံ့​လွင့်​သွား​စေ​မည်။ ထို​နောက်​သူ​တို့ အား​လုံး​ဝ​ပျက်​စီး​သည့်​တိုင်​အောင် တိုက်​ခိုက် ရန်​စစ်​တပ်​များ​ကို​ငါ​စေ​လွှတ်​မည်'' ဟု​မိန့် တော်​မူ​၏။

သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သော​လူ​တို့ မြို့​တွင်း​၌​အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း ဘေး​တို့​ဖြင့်​သေ​ကြ​လိမ့်​မည်။ အ​ခြား​သုံး ပုံ​တစ်​ပုံ​မှာ​မြို့​ပြင်​၌​ဋ္ဌား​ဘေး​သင့်​၍​သေ ကြ​လိမ့်​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​ကို​မူ​လေ တွင်​လွင့်​စင်​သွား​စေ​လျက်​ငါ​သည်​ဋ္ဌား​ဖြင့် လိုက်​လံ​တိုက်​ခိုက်​မည်။

သင်​ပျက်​သုဉ်း​ရာ​အ​ချိန်​ရောက်​ပြီ။ ဆုံး​ပါး ပျက်​စီး​ရာ​အ​ချိန်​ရောက်​ပြီ။ သင့်​ကို​ဆန့်​ကျင် လျက်​ရောက်​ရှိ​လာ​ပြီ။-

အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဒဏ်​ပေး​ရန် အ​သင့်​ရှိ​သည်​အ​တိုင်း​ဒဏ်​ပေး​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​ဖြောင့်​မှန် ရာ​ကို​ပြု​တော်​မူ​တတ်​သော်​လည်း အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ ထောင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။

ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​များ လှ​သော ဤ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သ​တိ​ဖြင့် စောင့်​ကြည့်​နေ​ပြီ။ ဤ​နိုင်​ငံ​ကို​မြေ​ပေါ်​မှ ကွယ်​ပျောက်​သွား​အောင်​ပယ်​ဖျက်​တော့​မည်။ သို့​သော်​လည်း​ငါ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ် အား​လုံး​ကို​ဖျက်​ဆီး​မည်​မ​ဟုတ်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ