Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 44:15

Common Language Bible

ထို​အ​ခါ​မိ​မိ​တို့​ဇ​နီး​များ​သည်​အ​ခြား ဘု​ရား​တို့​အား​ယဇ်​ပူ​ဇော်​ကြောင်း​ကို​သိ​ရှိ ကြ​သူ​များ၊ ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​သူ အ​မျိုး​သ​မီး​များ​နှင့်​အီ​ဂျစ်​ပြည်​တောင် ပိုင်း​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ အ​ပါ​အ​ဝင်​လူ​အုပ်​ကြီး​သည်​ငါ့​အား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဧည့်​သည်​များ​အိပ်​ရာ​မ​ဝင်​မီ​ယောကျာ်း​အ​ကြီး​အ​ငယ်​အ​ပါ​အ​ဝင် သော​ဒုံ​မြို့​သား​အ​ပေါင်း​တို့​သည်​လော​တ​၏​အိမ်​ကို​ဝိုင်း​ထား​ကြ​၏။-

ငါ​သည်​သူ​တို့​အား``ရှော​လ​မုန်​မင်း​ကို​အ​ပြစ် ကူး​လွန်​စေ​သူ​များ​ကား​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​ပင်​တည်း။ ထို​မင်း​သည်​အ​ခြား​လူ မျိုး​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​ထက်​ပို​၍​တန်​ခိုး ကြီး​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ချစ်​တော် မူ​သ​ဖြင့်​ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို​အုပ် စိုး​စေ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​သည်​လူ​မျိုး ခြား​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သည့်​အ​ပြစ် ကို​ကူး​လွန်​ပေ​သည်။-

လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။

သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဆက်​လက်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​သ​နည်း။ ယ​ခု​ထက်​ပင်​ပို​မို​ကြီး​လေး​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​လို​ကြ​ပါ​သ​လော။ အ​ချင်း​ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​၏​ဦး​ခေါင်း​သည်​ဒဏ်​ရာ​များ​ဖြင့်​ပြည့်​လျက်​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​သည်​လည်း​ညှိုး​နွမ်း​လျက်​နေ​၏။-

ငါ​သည်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​မီ​က ပင်​လျှင် ကြို​တင်​၍၊သင်​တို့​၏​အ​နာ​ဂတ်​ကို ဟော​ကြား​ခဲ့​ပေ​သည်။ ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​အ​ရာ​များ​ကို သင်​တို့​လုပ်​သည့်​ရုပ်​တု​များ​က​ဖြစ်​ပေါ်​စေ​သည်​ဟု သင်​တို့​မ​ပြော​မ​ဆို​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​ပြည်​မိ​ဂ​ဒေါ​လ မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့​နှင့်​တောင်​ပိုင်း​ဒေ​သ ၌​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော် မူ​၏။-

ထို​နောက်​အ​မျိုး​သ​မီး​များ​က``ငါ​တို့​သည် ကောင်း​ကင်​ဘု​ရင်​မ​၏​ရုပ်​ပုံ​တူ​မုန့်​များ​ကို ဖုတ်​လုပ်​၍ ထို​နတ်​သ​မီး​အား​ယဇ်​ပူ​ဇော်​ကာ သူ​၏​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ ကို​သွန်း​လောင်း​ကြ​သော​အ​ခါ ငါ​တို့​၏​ခင် ပွန်း​များ​က​လည်း​ငါ​တို့​ပြု​သည့်​အ​မှု​ကို လက်​ခံ​အ​တည်​ပြု​ခဲ့​ကြ​ပါ​သည်'' ဟု​ထပ် လောင်း​ပြော​ဆို​ကြ​၏။

ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ကြ​သော​ယု​ဒ​ပြည် သား​တို့​နှင့်​ပတ်​သက်​၍``သင်​တို့​နှင့်​သင်​တို့ ဇ​နီး​များ​သည်​ကောင်း​ကင်​ဘု​ရင်​မ​အား သစ္စာ​က​တိ​ပြု​ခဲ့​ကြ​၏။ သူ့​အား​ယဇ်​ပူ​ဇော် ပါ​မည်​ဟူ​၍​လည်း​ကောင်း၊ သူ​၏​အ​ဖို့​စ​ပျစ် ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း​ပါ​မည် ဟူ​၍​လည်း​ကောင်း က​တိ​ထား​ပြီး​လျှင်​ထို က​တိ​အ​တိုင်း​ပြု​ခဲ့​ကြ​ပေ​သည်။ ကောင်း လှ​ပြီ၊ သင်​တို့​က​တိ​ကို​တည်​စေ​ကြ​လော့။ သင်​တို့​သစ္စာ​ဋ္ဌိ​ဋ္ဌာန်​ပြု​သည်​အ​တိုင်း​ဆောင် ရွက်​ကြ​လော့။-

သူ​တို့​၏​မူ​ရင်း​ဌာ​နေ​ဖြစ်​သော​အီ​ဂျစ် ပြည်​တောင်​ပိုင်း​တွင်​နေ​ထိုင်​စေ​မည်။ သူ​တို့ ၏​နိုင်​ငံ​သည်​သိမ်​ငယ်​သော​နိုင်​ငံ​ဖြစ်​လိမ့် မည်။-

အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။-

``ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက်​ကို​ဝင်​ကြ​လော့။ င​ရဲ​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး​ပေါက်​သည် ကျယ်​ဝန်း​သ​ဖြင့် ထို​လမ်း​ကို​လိုက်​သူ​တို့​သည် များ​ကြ​၏။-

သူ​တို့​တစ်​ဦး​ဦး​က​သင်​တို့​အ​နီး​အ​ပါး တွင်​နေ​ထိုင်​သူ သို့​မ​ဟုတ်​သင်​တို့​နှင့်​ဝေး​သော အ​ရပ်​တွင်​နေ​ထိုင်​သူ​တို့​၏​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဖြား​ယောင်း​ပေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ