ယေရမိ 44:12Common Language Bibleယုဒပြည်တွင်ကျန်ရှိကာအီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူ တို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီး စေမည်။ ကြီးငယ်မဟူထိုသူအပေါင်းတို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍အီဂျစ်ပြည်တွင်သေရကြလိမ့်မည်။ သူတို့သည်လူတို့ရှေ့၌စက်ဆုပ်ရွံရှာဖွယ် ဖြစ်လိမ့်မည်။ လူတို့သည်သူတို့အားပြက် ရယ်ပြုလျက်သူတို့၏အမည်နာမကို ကျိန်စာအဖြစ်အသုံးပြုကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
ငါသည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ထိတ် လန့်တုန်လှုပ်သွားလောက်အောင် ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသူတို့အပေါ်သို့သက် ရောက်စေမည်။ သူတို့အားလူတို့သည်ပြက် ရယ်ပြုကြလိမ့်မည်။ သူတို့၏အကြောင်း ကိုပြက်လုံးထုတ်လျက်သရော်ပြောဆို ကြလိမ့်မည်။ သူတို့အားငါကွဲလွင့်စေ သည့်အရပ်မှန်သမျှတို့၌လည်း သူတို့ ၏အမည်နာမကိုကျိန်ဆဲရာတွင် အသုံးပြုကြလိမ့်မည်။-
ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-
နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
အို ယုဒနှင့်ဣသရေလပြည်သားတို့၊ အတိတ် အခါကလူမျိုးခြားတို့သည်မိမိတို့အချင်း ချင်းကျိန်ဆဲရာတွင်`သင်တို့သည်ယုဒနှင့် ဣသရေလအမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ရကြပါ စေသော' ဟုဆိုတတ်ကြ၏။ သို့ရာတွင်ငါ သည်သင်တို့အားကယ်တင်တော်မူမည်ဖြစ်၍ ထိုလူမျိုးခြားတို့သည်တစ်ဦးနှင့်တစ်ဦး၊ `သင်တို့သည်ယုဒနှင့်ဣသရေလအမျိုး သားတို့ခံစားရသည့်ကောင်းချီးမင်္ဂလာ များကိုခံစားရကြပါစေသော' ဟုဆို ကြလိမ့်မည်။ သို့ဖြစ်၍ရဲရင့်မှုရှိကြ လော့။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။