ယေရမိ 43:7Common Language Bibleသူတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်ကာ တာပနက်မြို့တိုင်အောင် အီဂျစ်ပြည်ထဲသို့ဝင်ရောက်ကြလေသည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
ငါသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားက အီဂျစ်ပြည်တွင်နေထိုင်ကြသောယုဒပြည် သားတို့နှင့်ပတ်သက်၍``သင်တို့နှင့်သင်တို့ ဇနီးများသည်ကောင်းကင်ဘုရင်မအား သစ္စာကတိပြုခဲ့ကြ၏။ သူ့အားယဇ်ပူဇော် ပါမည်ဟူ၍လည်းကောင်း၊ သူ၏အဖို့စပျစ် ရည်ပူဇော်သကာများကိုသွန်းလောင်းပါမည် ဟူ၍လည်းကောင်း ကတိထားပြီးလျှင်ထို ကတိအတိုင်းပြုခဲ့ကြပေသည်။ ကောင်း လှပြီ၊ သင်တို့ကတိကိုတည်စေကြလော့။ သင်တို့သစ္စာဋ္ဌိဋ္ဌာန်ပြုသည်အတိုင်းဆောင် ရွက်ကြလော့။-
အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-