Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 42:16

Common Language Bible

သင်​တို့​ကြောက်​ရွံ့​သည့်​စစ်​မက်​အန္တ​ရာယ်​သည် သင်​တို့​ကို​လိုက်​၍​မီ​လိမ့်​မည်။ သင်​တို့​ထိတ်​လန့် သည့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သည်​လည်း သင်​တို့​နောက်​မှ​လိုက်​၍​လာ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။

သို့​ရာ​တွင်​ဘယ်​လူ​မျိုး​သို့​မ​ဟုတ်​ဘယ် နိုင်​ငံ​သည် ထို​မင်း​၏​အုပ်​စိုး​မှု​ကို​မ​ခံ​ဘဲ နေ​လျှင် ထို​လူ​မျိုး​အား​နေ​ဗု​ခဒ်​နေ​ဇာ မ​ဖျက်​ဆီး​မီ​တိုင်​အောင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ ရော​ဂါ​ဘေး​တို့​ဖြင့်​ငါ​သည်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်။-

ဣ​ရှ​မေ​လ​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့​သူ​ဂေ​ဒ​လိ​အား သတ်​ဖြတ်​ခဲ့​သည့်​အ​တွက် သူ​တို့​သည်​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​ကို​ကြောက်​ကြ​၏။

``သို့​ရာ​တွင်​ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ဤ​ပြည် တွင်​နေ​ထိုင်​ရန်​မ​ငြင်း​ဆန်​ရ​ကြ။ `ငါ​တို့ သည်​ဤ​ပြည်​တွင်​မ​နေ​လို။-

သင်​တို့​သည်​ကောင်း​စား​မည့်​အ​စား​ဆုံး​ရှုံး ပျက်​စီး​ကြ​စေ​ရန်​ငါ​ပြု​မည်။ အီ​ဂျစ်​ပြည် တွင်​နေ​ထိုင်​လျက်​ရှိ​သော​ယု​ဒ​ပြည်​သူ​တို့ သည်​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​သည်​တိုင် အောင်​စစ်​ဘေး​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ ဘေး​သော်​လည်း​ကောင်း​သင့်​၍​သေ​ရ​ကြ​လိမ့် မည်။-

သင်​တို့​သည်​ဋ္ဌား​ကို​ကြောက်​ကြ​သ​လော။ သင် တို့​အား​ဋ္ဌား​ဖြင့်​ခုတ်​ဖြတ်​မည့်​သူ​တို့​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​၏။-

ငါ​သည်​မိ​မိ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​အ​မိန့်​ပ​ညတ် များ​နှင့်​သ​တိ​ပေး​စ​ကား​များ​ကို​မိန့်​မှာ သ​တိ​ပေး​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို လျစ်​လှူ​ရှု​ခဲ့​ကြ​သ​ဖြင့် ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ထို​အ​ခါ​သူ တို့​သည်​နောင်​တ​ရ​၍​လာ​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ စိတ်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း သူ​တို့​အား အ​ပြစ်​နှင့်​အ​လျောက်​ဆုံး​မ​တော်​မူ​ကြောင်း ကို​လည်း​သိ​မှတ်​လာ​ကြ​ကုန်​၏'' ဟု​သူ တို့​အား​ကြား​ပြော​ရန်​မိန့်​မှာ​တော်​မူ​၏။

သူ့​ကို​ဤ​သို့​ခွင့်​ပြု​ထား​ပါ​မူ​လူ​တိုင်း​ပင် သူ့​အား​ယုံ​ကြည်​လာ​ကြ​ပါ​လိမ့်​မည်။ ထို အ​ခါ​ရော​မ​အာ​ဏာ​ပိုင်​တို့​သည်​လာ​၍​ငါ တို့​၏​ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ငါ​တို့ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။

``ယ​နေ့​သင်​တို့​အား​ငါ​ဆင့်​ဆို​သော​ထာ​ဝ​ရ ဘု​ရား​၏ ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​မ​လိုက်​နာ​မ​စောင့်​ထိန်း​လျှင် သင်​တို့ အ​ပေါ်​၌​အောက်​ပါ​အ​မင်္ဂ​လာ​များ​သက် ရောက်​စေ​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-

``သင်​တို့​တွင်​ဤ​ဘေး​ဒဏ်​များ​ကျ​ရောက် လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အမိန့်​တော်​ကို​မ​နာ​ခံ၊ ကိုယ်​တော် ၏​ပ​ညတ်​တော်​များ​ကို​မ​စောင့်​ထိန်း​လျှင် သင်​တို့​သေ​ကြေ​ပျက်​စီး​သည့်​တိုင်​အောင် ဤ​ကဲ့​သို့​သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ