Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 41:9

Common Language Bible

မိ​မိ​သတ်​ဖြတ်​လိုက်​သူ​တို့​၏​အ​လောင်း​များ ကို​ဣ​ရှ​မေ​လ​ပစ်​ချ​သည့်​ရေ​တွင်း​ကား အ​လွန်​ကြီး​၍ ဣသ​ရေ​လ​ဘု​ရင်​ဗာရှာ​၏​ဘေး မှ​ခု​ခံ​ကာ​ကွယ်​ရန် အာ​သ​မင်း​တူး​ထား​သည့် ရေ​တွင်း​ဖြစ်​သ​တည်း။ ဣ​ရှ​မေ​လ​သည်​မိ​မိ သတ်​ဖြတ်​လိုက်​သည့်​လူ​သေ​အ​လောင်း​များ ဖြင့်​ထို​တွင်း​ကို​ပြည့်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ပင်​လျှင်​သူ​သည်​ဂူ​တစ်​ခု​ခု​၌​ဖြစ် စေ၊ အ​ခြား​တစ်​နေ​ရာ​ရာ​၌​ဖြစ်​စေ​ပုန်း အောင်း​လျက်​နေ​ပါ​လိမ့်​မည်။ ဒါ​ဝိဒ်​က စ​တင်​တိုက်​ခိုက်​သည်​နှင့်​တစ်​ပြိုင်​နက် အ​ရှင်​၏​လူ​အ​ချို့​တို့​ကျ​ဆုံး​ကြ​ပါ လိမ့်​မည်။ ထို​သ​တင်း​ကို​ကြား​သော​သူ တို့​က အ​ရှင်​၏​လူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ ပြီ​ဟု​ပြော​ဆို​ကြ​ပါ​လိမ့်​မည်။-

သို့​ရာ​တွင်​သင့်​မှာ​မူ​သင်္ချိုင်း​မ​ရှိ။ ပုပ်​ပျက်​စေ ရန်​သင်​၏​အ​လောင်း​ကို​စွန့်​ပစ်​ထား​လိုက်​ကြ လေ​ပြီ။ ထို​အ​လောင်း​သည်​တိုက်​ပွဲ​တွင်​ကျ ဆုံး​သည့်​အ​သေ​ကောင်​များ​နှင့်​ဖုံး​လျက်၊ ဋ္ဌား​နှင့်​ထိုး​ဖောက်​ခံ​ရ​၍​ကျောက်​တွင်း​ထဲ သို့​ပစ်​ချ​ကျော်​နင်း​ခြင်း​ကို​ခံ​ရ​၏။-

ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။

မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။-

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-

ထို့​ကြောင့်​သူ​တို့​နှစ်​ဦး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား​ကိုယ်​ရိပ်​ပြ​ကြ​၏။ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က``ကြည့်​လော့။ ဟေ​ဗြဲ​အ​မျိုး သား​အ​ချို့​တို့​သည် မိ​မိ​တို့​ပုန်း​ကွယ်​ရာ​မြေ တွင်း​များ​မှ​ထွက်​လာ​လေ​ပြီ'' ဟု​ဆို​ပြီး လျှင်၊-

ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​တွင်​ပုန်း​အောင်း​နေ ကြ​သော​သူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကြ​ကြောင်း​ကို​ကြား​လျှင်​လိုက် လံ​တိုက်​ခိုက်​ကြ​၏။-

မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​သိုး​ခြံ​များ အ​နား​မှာ​ဂူ​တစ်​ခု​ကို​တွေ့​သ​ဖြင့် ကိုယ်​လက် သုတ်​သင်​ရန်​ဝင်​တော်​မူ​၏။ ထို​ဂူ​ကား​အ​ခြား မ​ဟုတ်၊ အ​တွင်း​ပိုင်း​တွင်​ဒါ​ဝိဒ်​တို့​လူ​စု ပုန်း​အောင်း​နေ​သည့်​ဂူ​ပင်​ဖြစ်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ