ယေရမိ 41:5Common Language Bibleရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။- အခန်းကိုကြည့်ပါ။ |
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
ဂိဒေါင်၏သားအဘိမလက်သည်ရှေခင်မြို့ ရှိမိခင်ဘက်မှ ဆွေမျိုးအပေါင်းတို့ထံသို့ သွား၍မြို့သူမြို့သားတို့အား``သင်တို့သည် ဂိဒေါင်၏သားခုနစ်ဆယ်စလုံး၏အုပ်စိုး မှုကိုခံယူလိုကြပါသလော။ သို့တည်း မဟုတ်လူတစ်ဦးတည်း၏အုပ်စိုးမှုကို ခံယူလိုကြပါသလော။ အဘိမလက် သည်သင်တို့၏သွေးရင်းသားရင်းဖြစ် သည်ကိုမမေ့ပါနှင့်'' ဟုပြောကြားစေ၏။-