Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 40:6

Common Language Bible

ငါ​သည်​လည်း​ဂေ​ဒ​လိ​ထံ​သို့​သွား​၍​မိ​ဇ​ပါ မြို့​တွင်​ကြွင်း​ကျန်​လျက်​ရှိ​သည့်​ပြည်​သူ​ပြည် သား​တို့​နှင့်​အ​တူ​နေ​ထိုင်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​သ​မင်း​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​မှ လူ​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင် ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​တွင် အ​သုံး​ပြု လျက်​ရှိ​သော​ကျောက်​တုံး​များ​နှင့်​သစ်​သား များ​ကို​သယ်​ဆောင်​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​ထို​ပစ္စည်း​များ​ဖြင့် ဂေ​ဘ​မြို့​နှင့်​မိ​ဇ​ပါ မြို့​တို့​ကို​တံ​တိုင်း​ကာ​ကြ​၏။

ငါ့​အား​နန်း​တော်​ဝင်း​အ​တွင်း​မှ​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ စွာ​အိမ်​သို့​ပြန်​လည်​ပို့​ဆောင်​စေ​ရန်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​တံ​၏​သား​ဂေ​ဒ​လိ​၏​လက်​သို့ ပေး​အပ်​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​နှင့်​အ​တူ​တစ်​ဖန်​နေ​ထိုင် ရ​လေ​သည်။

သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-

မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-

မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ